Pages

Wednesday, November 14, 2012

တရားမ၀င် မြန်မာနိုင်ငံသား ၆၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ



 DVB မှကူးယူဖော်ပြသည်။
          ထိုင်းနိုင်ငံထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့  မြန်မာနိုင်ငံသား ၆၁ ဦးကို  ကန်ချနပူရီ လူဝင်မှုကြီးကြပ်ရေး ရဲအဖွဲ့က နိုဝင်ဘာ ၁၃ ရက်နေ့ မနက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်း dailynews သတင်းမှာ ဖော်ပြသွားပါတယ်။ ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ချနပူရီခရိုင် ကန်ချနပူရီမြို့ထဲမှာ တရားမ၀င်အလုပ်သမားတွေကို လက်ခံသိုလှောင်ထားပြီး စက်ရုံ၊ အလုပ်ရုံနဲ့ ပင်လယ်ကမ်းစပ် ဒေသဘက်ကို ပို့ဆောင်ပေးနေတယ်လို့ သတင်းရရှိထားတဲ့အတွက် သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာပါ။ ကန်ချနပူရီမြို့နယ် ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲမှူးကြီး ဗိုလ်မှူး ချနထေ့ပ် ဆွန်ကယောက်နဲ့  လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဟာ မနေ့ မနက် ၃ နာရီခွဲက  ထာ့မခန်ရပ်ကွက် အိမ်အမှတ် ၂၇/၂ ကို ၀င်ရောက်စစ်ဆေးရာမှာ အထောက်အထားလက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသား ၆၁ ဦး (အမျိုးသမီး ၂၁  ဦး၊ အမျိုးသား ၄၀ ဦး) ကို  ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှူးကြီးက သတင်းဌာနကို ပြောပါတယ်။


          ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားမ၀င် ၀င်ရောက်လာသူတွေကို လက်ခံထားမှုနဲ့ ထိုင်းလူမျိုး နိုင်းထနစ် ဒိုင်ဆအတ် အသက် ၂၁ နှစ်ကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားမ၀င်အလုပ်သမား ၆၁ ဦးကိုလည်း ဥပဒေအရ ဆက်လက် အရေးယူသွားမယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်ကနေတဆင့် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၄၂ ဦးကို ဒေသခံအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

No comments:

Post a Comment