Pages

Tuesday, November 27, 2012

လွိုင်ကော်မြို့တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်အဖွဲ့မှ မိုးပွင့်အဆင့်(၄) စီမံချက်ဆောင်ရွက်


နိုဝင်ဘာ(၂၇)


ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယား(က) ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် စမ်းသပ် သန်းကောင် စာရင်း ကောက်ယူခြင်းလုပ်ငန်းနဲ့ ပက်သက်ပြီး ဆွေးနွေးခြင်းအခမ်းအနားကို နိုဝင်ဘာလ(၂၅)ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဒုဝန်ကြီး ဦးဝင်းမြင့်၊ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များအပြင် ဒေသခံတိုင်းရင်းသား ရပ်မိရပ်ဖ စုစုပေါင်း(၃၅၀)ခန့် တက်ရောက် ခဲ့ပါတယ်။

ဝန်ကြီးနဲ့အဖွဲ့တွေဟာလွိုင်ကော်မြို့နယ်၊ နွားလ၀ိုးကျေးရွာ ထေရ၀ါဒဘုန်းတော်ကြီး ကျောင်း ငွေပုလဲဓမ္မာရုံမှာ မိုးပွင့်အဆင့်(၄)စီမံချက်ဖြင့် အယောက်(၂၀၀)ကျော် နိုင်ငံသားစိစစ်ရေးကဒ်အခမဲ့ ပြုလုပ်ပေးခြင်းကိုကြည့် ရှု စစ်ဆေးခဲ့ပါတယ်။

No comments:

Post a Comment