Pages

Friday, November 30, 2012

တောင်ကြီးမြို့တန်ဆောင်တိုင် ဆုပေးပွဲတွင် သိန်း (၃၇၀) ကျော်ပေးအပ်

နိုဝင်ဘာ(၃၀)

တောင်ကြီးတန်ဆောင်တိုင် ပိတ်ပွဲနှင့်ဆုပေးပွဲမှဓာတ်ပုံများ


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းစုရပ်ကွက်ရှိအဝေရာမီးပုံးပျံကွင်းတွင် တောင်ကြီးတန်ဆောင် တိုင်ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၉) ရက်နေ့ ညပိုင်း (၅) နာရီမှ (၆) နာရီခွဲအထိ ပြုလုပ်ကျင်းပ ခဲ့ပါတယ်။

အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့ဝင်များ၊ စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ များ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူလူထု စုစုပေါင်းအင်အား (၅၀၀၀၀)ခန့် တက်ရောက်ခဲ့ကြပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်မှ ပွဲပိတ်သိမ်းပေးခဲ့ပြီး မီးရှူးမီးပန်းများ ပစ်ဖေါက်ကြခြင်း၊ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေခြင်းတို့အပြင် ညမီးကြီးနှင့် စိန်နားပန်းမီးပုံးပျံတစ်လုံးစီတို့အား လွှတ်တင်ခဲ့ကြကြောင်း သိရပါတယ်။

ဆုပေးပွဲတွင် ၀န်ကြီးချုပ်နှင့် အခြားတာဝန်ရှိသူများများမှ ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြပါတယ်။ ဆုချီးမြှင့် ပေးခဲ့တဲ့ ပြိုင်ပွဲအမျိုးအစားတွေကတော့ ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ် အရုပ် အုပ်စု၊  နေ့လွှတ် အရုပ်ခြေလေး ချောင်း၊ နေ့လွှတ်အရုပ်ခြေနှစ်ချောင်း၊ Miss တန်ဆောင်တိုင်၊ မီးပဒေသာ တို့ဖြစ်ပြီး ပထမဆု၊ ဒုတိယနဲ့ တတိယဆု စသည်ဖြင့် သတ်မှတ်ထားပါတယ်။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြိုင်ပွဲဝင်များအားလုံးကို သီးခြားဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရပါ တယ်။ တောင်ကြီး တန်ဆောင်တိုင် ပိတ်ပွဲနှင့် ဆုပေးပွဲ အတွက် စုစုပေါင်းကျပ်သိန်း(၃၇၀)ကျော် ကုန်ကျခံသုံးစွဲခဲ့တယ်လို့ ပွဲတော်ဖြစ်မြောက်ရေး  ကော်မတီမှ ရှမ်းသတင်းစဉ်ကို ပြောပြသွား ပါတယ်။

No comments:

Post a Comment