Pages

Wednesday, November 7, 2012

ပြည်တွင်းစစ် နဲ့ ပလောင်ဒေသ အမျိုးသမီးများ အခြေအနေ

တိုက်ပွဲဖြစ်နေသော ပလောင်တိုင်းရင်းသားဒေသ ဒုက္ခသည်များကြားတွင် စစ်ပွဲ၏၀န်ထုပ်ဝန်ပိုးဒဏ်ကို ပိုခံရသူတို့မှာ အမျိုးသမီးများ ဖြစ်သည်ဟု တနင်္လာနေ့ထုတ် အစီရင်ခံစာတစောင်တွင် ရေးထားသည်။

အမျိုးသားတို့က "အခြားတနေရာရာသို့ ထွက်ပြေးရခြင်း (သို့မဟုတ်) ပြောင်းရွှေ့သွား ကြသောေ ကြာင့် " ဖြစ် သည် ဟု ပလောင်အမျိုးသမီးအစည်းအရုံး (PWO) က ရေးသားပြုစုသည့် "စစ်ပွဲ၏ ၀န်ထုပ်ဝန်ပိုး" အစီရင်ခံစာတွင် ရေးထားသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်ဒေသများတွင် ယမန်နှစ်ကစတင်ခဲ့သည့် စစ်ပွဲများကြောင့် ဒေသခံတို့ အိုးအိမ် စွန့်ခွာပြီး စစ်ပြေးဒုက္ခသည် စခန်းများတွင် အတိဒုက္ခရောက်ရှိနေမှုများကို အစီရင်ခံထားသည့် စာတမ်း ဖြစ်သည်။

ဒုက္ခသည်စခန်းသို့ သွားရာတွင် အမျိုးသမီးတို့က ကလေးငယ်များ၊ အထုပ်အပိုးများကို သယ်ပိုးပြီး မြန်မာ့ တပ်မတော် တိုက်ကင်းများကိုရှောင်ရှားကာ ၅ ရက်ခန့် တောလမ်း ခရီး သွားရသည်ဟု ဆိုသည်။ ထိုအမျိုး သမီးများထဲတွင် ကိုယ်ဝန်သည်များလည်း ပါဝင်သည်ဟု အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

ပလောင်ဒေသတွင် အစိုးရတပ်ရင်း ၁၆ ခု ရှိပြီး တပ်စခန်းတည်ဆောက်ရေးအတွက် ပလောင်တိုင်းရင်း သားရွာ ၁၅ ရွာ ဖျက်ဆီးသိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

ပလောင်ဒေသတွင် အစိုးရတပ်များနှင့် တိုက်ခိုက်နေသည့် အဖွဲ့များမှာ ကချင် (KIA)၊ ရှမ်း (SSA-N) ၊ ပလောင် လက်နက်ကိုင်အဖွဲ့များဖြစ်သည်ဟု အစီရင်ခံစာအရ သိရသည်။

အစီရင်ခံစာ ရေးသားပြုစုသော PWO အဖွဲ့သည် ထိုင်းမြန်မာနယ်စပ် အခြေစိုက် အဖွဲ့တခုဖြစ်သည်။ 


တိုက်ပွဲဖြစ်နေသည့် ပလောင်ဒေသ မြေပုံ

ပလောင်တိုင်းရင်းသားများ

တနင်္လာနေ့က ထုတ်ပြန်သည့် "စစ်ပွဲ၏ ၀န်ထုပ်ဝန်ပိုး" အစီရင်ခံစာ

ပလောင်ဒေသရောက် မြန်မာ့တပ်မတော်သားများ



No comments:

Post a Comment