Pages

Wednesday, November 28, 2012

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲများ တက်ရောက်

နိုဝင်ဘာ(၂၈)

ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ဓာတ်ပုံ(အင်တာနက်)
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် နိုဝင်ဘာ ၂၅ ရက် နံနက် ၈ နာရီက ကျင်းပသည့် ညောင်ရွှေမြို့နယ် အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း   အဆင့်တိုးမြှင့် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ကျောင်းဆိုင်းဘုတ်ကို  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ပြီး ကျောင်း၏   သင်ကြားမှု သင်ယူမှု အထောက်အကူပြု ခန်းမများကို လှည့် လည် ကြည့်ရှု အားပေးသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ လှူဒါန်းသော အလှူငွေ ကျပ် ၁ဝ သိန်းနှင့် ကျောင်းအကျိုးတော် ဆောင်တို့က လှူဒါန်းသော ငွေကျပ်သိန်း ၂ဝ တို့ကို တာဝန်ရှိ သူတို့က ကျောင်းအုပ် ဆရာမကြီး ထံ ပေးအပ်လှူ ဒါန်းကြသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်သည် ညောင်ရွှေမြို့နယ်အင်းလေးဒေသ သာလေး ကျေးရွာ ၌ကျင်းပသည့် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ကျောင်း၏ သင်ကြားမှု သင်ယူမှု အထောက်အကူပြု ခန်းမများကို လှည့်လည် ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် က ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ  လှူဒါန်းသော ငွေကျပ် ၁ဝ သိန်းနှင့် မိဘဆရာ အသင်းမှ လှူဒါန်းသော ငွေကျပ်သိန်း ၂ဝ တို့ကို တာဝန်ရှိသူ တို့က ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ် လှူဒါန်း ကြသည်။ 
 
မြ၀တီ

No comments:

Post a Comment