Pages

Wednesday, November 7, 2012

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲပေးမှုတွေ ပြည်နယ် အများစုမှာ ပြီးဆုံးသွားပြီ

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲပေးမှုတွေ ပြည်နယ် အများ စုမှာ ပြီးဆုံး သွားပြီ ဖြစ်ပါတယ်။ စစ်တမ်းတွေအရနဲ့ တခိျု့တဝက် ရေတွက်ပြီး ရလဒ်တွေအရ ကတော့ သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် မစ်တ်ရွမ်နီ တို့ဟာ ဘယ်သူကမှ ပြတ်ပြတ် သားသား အနိုင်ရတာမျိုး မရှိသေးပါဘူး။

မစ်တ် ရွမ်နီ အနိုင်ရမယ်လို့ မျှော်လင့်ထားတဲ့ မစ်ချီဂန် နဲ့ ပန်ဆယ်ဗေးနီး ယား ပြည်နယ်တွေမှာ အိုဘားမား အနိုင်ရသွားတယ်လို့ ဆိုပါတယ်။
ရှေးရိုးစွဲတွေ ပိုများတဲ့ တောင်ပိုင်း ပြည်နယ်တွေမှာတော့ ထုံးစံ အတိုင်း ရီပါဘလစ်ကန်က မစ်တ် ရွမ်နီ အနိုင်ရနေပုံ ပေါ်ပါတယ်။

ဒါပေမယ့်လို့ အလွန်တရာမှာ အရေးကြီးလှတဲ့၊ ဘယ်သူ့ဘက်ကိုမှ ထောက်ခံမှု မများတဲ့ swing states တွေမှာတော့ ဘယ်သူ နိုင်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါ။

ဒီနှစ်မှာ မဲဆန္ဒရှင် အများအပြား လာရောက်မဲ ပေးကြရာ၊ သတင်းထောက်တွေရဲ့ ယေဘုယျ ခန့်မှန်းချက် အရ ကတော့ ဒီမိုကရက် အိုဘားမားကို ထောက်ခံသူ များတယ်လို့ ဆိုပါတယ်။
 
From- BBC

No comments:

Post a Comment