နိုဝင်ဘာ(၂၈)
ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားစေရန် အစိုးရမှ ကတိတည်ရန် အရေးကြီးကြောင်း ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့မှ ဗိုလ်ချုပ် ဆေထင်မှ ပြောကြားသည်။
အဆိုပါ ပြောကြားချက်ကို ယနေ့ ကျင်းပ ပြုလုပ်သော ရှမ်းအမျိုးသားများ ငြိမ်းချမ်းရေးအတွက်
ယုံကြည်မှု တည်ဆောက်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ အပစ်အခတ်ရပ်စဲပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ခဲ့ပါတယ်။ တောင်ပိုင်းမှာ ၅၀ ကျော်ဖြစ်ခဲ့တယ်" ဟု ၄င်းကဆိုသည်။
အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေး တာဝန်ရှိသူများက ကတိကဝတ်များပေးထားသော်လည်း တပ်မတော်မှ လိုက်နာခြင်းမရှိဟု ၄င်းက ဆက်လက်ပြောဆိုသည်။
The Voice Weekly

No comments:
Post a Comment