နိုဝင်ဘာ(၁၉)
အမေရိကန် သမ္မတ အိုဘားမားက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော စကား
များ မှ ကောက်နှုတ်ချက်အချို့
(မှတ်ချက်- အိုဘားမား၏ ပြောကြားမှုကို စကားပြန်မှ တစ်ဆင့်ဘာသာပြန်ပေးပြီး၊ ၄င်း၏ ဘာသာပြန်ချက်အတိုင်း ဖြစ်ပါသည်)
"နိုင်ငံတော်သမ္မတကြီး(သမ္မတဦးသိန်းစိန်)ကနေ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်အောင်ဆောင် ရွက်ခဲ့တဲ့ ကိစ္စတွေ ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေက တကယ်ပဲ ဒီနိုင်ငံကို တိုးတက်ရာ တိုးတက်ကြောင်းတွေ ဖြစ်စေမယ့် အကြောင်းရှိပါတယ်။
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ တိုးတက်မှုတွေလုပ်တာက တကယ်ပဲ ဒေသတွင်း တိုးတက်မှုတွေ၊ ဒီနိုင်ငံတင်မက ဒေသတွင်း တိုးတက်မှုတွေရော၊တစ်ကမ္ဘာလုံး တိုး တက် မှုတွေအတွက်ပါ အကျိုးပြုပါလိမ့်မယ်။
ရှေ့ဆက်မယ့်ခရီးရှည်အတွက် ဒါဟာ ခြေလှမ်းတစ်ရပ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။နောက်တစ်ခုက သမ္မတကြီးတို့အနေနဲ့ ဆုပ်ဆုပ်ပိုင်ပိုင် လုပ်ခဲ့တဲ့ကိစ္စတစ်ခုကတော့ လူအများကို သေကြေပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေကိုမပျံ့ပွားအောင်လုပ်တဲ့ကိစ္စမှာ ဒါတွေက အရေးကြီးပါတယ်။ အဲဒါတွေကိုလည်း လုပ်နိုင် တဲ့အတွက်ကြောင့် ကောင်းပါတယ်။
သမ္မတကြီးအခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်တင်မကဘဲ နောက်လည်းလာနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။"
7day news journal

No comments:
Post a Comment