Pages

Friday, November 16, 2012

ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့မှ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ နှုတ်ထွက်



တောင်ကြီး  နိုဝင်ဘာ ၁၆
          ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့မှ ထုတ်ပြန်ထားသော ကြေညာချက်များမှာ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ သဘောထားမူဝါဒများနှင့် တိုက်ဆိုင်မှုမရှိ၍လည်းကောင်း၊ လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့မှ အချိုးကျ ကိုယ်စားလှယ် (Proportional Reqresentation)စနစ်ဖြင့်ဝင်ရောက် ယှဉ်ပြိုင်ကြရန် လျာထားသတ်မှတ်ထားချက်ကို လက်မခံနိုင် သောကြောင့်လည်းကောင်း ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ (၁၅)ရက်နေ့တွင် ဒီမိုကရေစီ မိတ်ဆွေ ပါတီများအဖွဲ့မှ နှုတ်ထွက်လိုက်ကြောင်းသိရှိရပါတယ်။


          ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ရုံးဖွင့်လှစ် ထားပြီး ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိရန် ကြိုးပမ်းနေတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။ ယခင်က ဒီမိုကရေစီမိတ်ဆွေများပါတီအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်တက်ကြွစွာ ပါဝင်ခဲ့ သော်လည်း စည်းလုံး ညီညွတ်မှုမရှိသောကြောင့် ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့က နှုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့တွင် လက်ရှိပါတီပေါင်း (၁၀)ပါတီရှိနေပြီး နောက်ထပ် နှုတ်ထွက် သွားမည့်ပါတီများ ရှိနေသေးကြောင်း သိရှိရပါတယ်။

No comments:

Post a Comment