Pages

Friday, November 30, 2012

သီပေါမြို့တွင် မြေငလျင်လှုပ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့

နိုဝင်ဘာ(၃၀)


နိုဝင်ဘာလ ၂၇ရက် ၂၀၁၂ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် မနက် ၉နာရီအချိန်၌  မတော် တဆ မြေငလျင်လှုပ်မှုကြောင့် လူတစ်ဦး သေဆုံးသွားသည်ဟု သိရှိရသည်။
ယမန်နေ့ မြေငလျင်လှုပ်နေသည့်အချိန်တွင် လူတစ်ဦးမှ မီးတိုင်သွားကိုင်လိုက်သည့် အချိန်ဖြစ်၍ဓါတ်လိုက် သွားသည်ဟု ဒေသခံ တစ်ဦးမှ ပြောပြခဲ့ပါသည်။
"မြေငလျင်လှုပ်တာကတော့ နေ့တိုင်းလိုလိုလှုပ်တယ် မနေ့တုန်းက ညနေပိုင်းလည်း တခါ လှုပ်တယ်။ ဒီနေ့ မနက် ၉နာ၇ီ လည်းလှုပ်သေးတယ် အခုလည်း သူများတွေ ပြောနေကြတယ်။ မြေငလျင် ထပ်လာဖို့ရှိတယ် အိမ်ထဲကနေ အိမ်ပြင် မထွက်ဖို့ သတိပေးကြတယ်"
palaung women



No comments:

Post a Comment