Pages

Friday, November 30, 2012

ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်မီးလောင် အစီးရေ တစ်ထောင်ထက်မနည်း ဆုံးရှုံး

နိုဝင်ဘာ(၃၀)

ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က တရုတ် မြန်မာနယ်စပ် ဂျယ်ဂေါင်မြို့ရှိ ဆိုင်ကယ်ဂိုဒေါင် တန်းတွင်ဝါယာ ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ဂိုဒေါင် ၄ ၄ လုံး ဆိုင်ခန်းအားဖြင့် ၈ ခန်း လောင်ကျွမ်းသွားခဲ့သည်။ ယင်းဆိုင်ခန်း ၄ ခန်းတွင် ဆိုင်ကယ်အစီးရေ ၁ ထောင်ကျော် လောင်ကျွမ်းသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။



မီးလောင်မှု ဖြစ်ပွားရာသို့ ဂျယ်ဂေါင်မြို့ရှိ တရုတ်နိုင်ငံမီးသတ်တပ်ဖွဲ့သာမက မြန်မာနိုင်ငံဘက်အခြမ်း မူဆယ်မြို့မှ မီးသတ်ကား ၈ စီးပါလာရောက်ကူညီငြိမ်းသတ်ခဲ့သည်ကို တွေ့ရသည်။ မီးကို ညနေ ၅ နာရီ ခွဲဝန်းကျင်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့သည်။

ယခုမီးလောင်ကျွမ်းမှုသည် ဂျယ်ဂေါင်မြို့တွင် ၁၉၉၀ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး မီးလောင်မှုဖြစ်သည်ဟု သိရှိ အသက် ၆၀ အရွယ် ဂျယ်ဂေါင်မြို့တွင်နေထိုင်သူတဦးက ပြောသည်။ ယခုမီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့်  ပမာဏ မသိရှိရသေးပေ။



မြန်မာနိုင်ငံတွင်းသို့ တင်သွင်းသည့် တရုတ်နိုင်ငံဖြစ် ဆိုင်ကယ်အများစုမှာ တရုတ်မြန်မာနယ်စပ်ဖြစ်သည့် ဂျယ်ဂေါင်မူဆယ်မှ တဆင့်တင်သွင်းလျှက်ရှိခြင်းကြောင့်  ဂျယ်ဂေါင်မြို့တွင် ဆိုင်ကယ်အရောင်းဆိုင်နှင့် ဂိုဒေါင်အများအပြား ဖွင့်လှစ်ထားရှိကြသည်။

ရွှေဖီဦး

No comments:

Post a Comment