ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ရေပို့ ပိုက်မကြီး ဆက်သွယ်ခြင်း လုပ်ငန်း များကို အဖွဲ့၎ ဖွဲ့ခွဲကာ ညောင်နှစ်ပင် စခန်းမှ သင်္ကန်းကျွန်း မြို့နယ် အထိ သွယ်တန်း လျက်ရှိပြီး အဆင့်မြင့် နိုင်လွန် ပလပ်စတစ်ပိုက် HDPE ပိုက်များကို သွယ်တန်း နေတာ ဖြစ်ပါတယ်။
အဆိုပါ ရေပို့ ပိုက်မကြီး ဆက်သွယ်ခြင်း တွေကိုတော့ ငွေကျပ် ၂၁ ဘီလီယံ အကုန်အကျ ခံကာ သုံးစွဲ သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် ငမိုးရိပ် ဒုတိယ အဆင့် ရေသန့်စင် စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း တွေဟာလည်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီး လာမယ့် ၂၀၁၃ ခုနှစ်မှာ ရန်ကုန်မြို့ကို ရေဂါလံ ၄၅ သန်း ထပ်မံပေးပို့ နိုင်မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ယခုလက်ရှိ ငမိုးရိပ် ဒုတိယ အဆင့် ရေသန့်စင် စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း မှာလည်း ရေတွန်းစက်နဲ့ လျှပ်စစ် မီးသွယ်တန်းခြင်း ကိစ္စများသာ လုပ်ဆောင်ဖို့ ကျန်ရှိတော့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စီမံကိန်း လုပ်ငန်းများ ပြီးစီးပါက ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြို့နယ်များ အထိ သောက်သုံးရေ များ ပုံမှန် ပြည့်ဝစွာ ရရှိသွားမှာ ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။ အဆိုပါ ရေပို့ ပိုက်မကြီးများ သွယ်တန်းမှုကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စတင်ကာ ညောင်နှစ်ပင် စခန်းမှ သင်္ဃန်းကျွန်း မြို့နယ် အထိ ဆက်သွယ် နေတာဖြစ်ပြီး စီမံကိန်း တစ်ခုလုံး ကိုတော့ ၂၀၁၃ ခုနှစ် မေလမှာ အပြီး တည်ဆောက် သွားဖို့ စီစဉ်ထား တယ်လို့ သတင်း ရရှိပါတယ်။

mrtv4
No comments:
Post a Comment