အသက် ၁၀ နှစ်အရွယ် လူငယ်တစ်ယောက်အပါအ၀င် အာဖရိက ကျေးရွာတစ်ခုမှ လူငယ် ၆ ဦးဟာ အခြား ကလေး ၃ ယောက်ကို လူသတ်မှု၊ မုဒိန်းမှုများကျူးလွန်ခဲ့သည့် အတွက် သောကြာနေ့တွင် ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။
အာဖရိက လူငယ်လေးများ
အဆိုပါ ၆ ယောက်အုပ်စုအား အာဖရိကနိုင်ငံ Limpopo မြောက်ပိုင်းဒေသ မှ အသက် ၉ နှစ်ကနေ ၁၂ အ ရွယ် ယောက်ျားလေး ၂ ယောက်၊ မိန်းကလေးတစ်ယောက် ပါဝင်သော မောင်နှမတစ်စုအား သြဂုတ်လ အတွင်း က သတ်ခဲ့သည့်အတွက် ကြာသပတေးနေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။
သေဆုံးသူ များအား ဖိနပ်ကြိုးများကနေ ဆက်စပ်ပြီး တွေ့ခဲ့ ရခြင်းဖြစ်ပြီး မိန်းကလေး ကတော့ မုဒိန်း ကျင့်ခံ ထားကြောင်း၊ အဆိုပါ လူငယ်များကို လူသတ်မှု မုဒိန်းမှုများနဲ့ တရားစွဲမှာ ဖြစ်ပြီး အမှုကို တနင်္လာေ န့ထိ ရွေ့ဆိုင်းထားကြောင်း ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ Hangwani Mulaudzi က ဆိုပါတယ်။
ဒီအမှုကတော့ သူ့တစ်သက်မှာ မြင်ဖူးသမျှ ကလေးငယ်တွေ ပါဝင်တဲ့အမှုတွေထဲမှာ အဆိုးဝါး အရက်စက် ဆုံး အမှုပါပဲလို့ ၄င်းက AFP သတင်းမှ မေးမြန်းချက်အပေါ် ဖြေကြားခဲ့ပါတယ်။
တောင်အာဖရိက နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုအများဆုံး ဖြစ်ပွားသည့် နိုင်ငံဖြစ်ပြီး တရားဝင် စစ်တမ်း များ အရ တစ်နေ့ကို လူ ၄၂ ယောက် အသတ် ခံနေရပါတယ်။
OppositEyE
No comments:
Post a Comment