Pages

Sunday, November 25, 2012

အမျိုးသမီးများအား အကြမ်းဖက်မှု ရပ်တန့်စေရန် ရည်ရွယ်သည့် စီတန်းလမ်းလျှောက်မှုစတင်

နိုဝင်ဘာ(၂၅)

 

Photo From :The Myanma Age


အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး အတွက်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီ အချိန်တွင် ငြိမ်းချမ်းရေး ကွန်ယက်မှ ရန်ကုန်မြို့အတွင်း စီတန်း လှည့်လည်မည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ စီတန်းလမ်းလျှောက်မှုတွင်း ရန်ကုန်မြို့ မြို့တော်ခန်းမ နံဘေးမှ မြို့တွင်း နေရာများသို့ အသိပညာပေး စီတန်းလှည့်လည်မှုကို စတင်ခဲ့သည်။

ယနေ့ နိုဝင်ဘာခ ၂၅ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ကြောင်း ငြိမ်းချမ်းရေးကွန်ယက်မှ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

"ဒါဟာ ဆန္ဒပြတာ မဟုတ်ပါဘူး ပြည်သူလူထုအတွက် အသိပေး လမ်းလျှောက်ပွဲဖြစ်ပါတယ်" ဟူ ဆန္ဒပြရာတွင် ပါဝင်လှုပ်ရှားနေသော အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ စီတန်းလမ်းလျှောက်မှုတွင် ပါဝင်သော မြောက်ဥက္ကဌမြို့နယ်တွင်း နေထိုင်သူတစ်ဦးက "အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ရရှိအောင်အတွက် ပါဝင် ပူးပေါင်းတာပါ" ဟုဆိုသည်။
 
PALAUNG NATIONAL SOCIETY

No comments:

Post a Comment