Pages

Friday, November 23, 2012

မုံရွာတွင် တရားမ၀င်ကျောက်စိမ်းရိုင်းတုံးများ (၁၆၅)အိတ်ဖမ်းဆီးရမိ

နိုဝင်ဘာ(၂၃)

 

တရားမ၀င် သယ်ဆောင်လာသော ကျောက်စိမ်း ရိုင်းတုံးများ ကို ဆာလာအိတ်ဖြင့် ထုပ်ပိုး၍ ဖားကန့်မြို့နယ် ဟောင်ပါး ရွာမှ တဆင့် ချင်းတွင်းဖြစ်ကြောင်း တိုင်း စက်လှေဖြင့်စုန်ဆင်း သယ်ဆောင်လာပြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက် တာဝါတိုင်ဆိပ် တွင် ယူဒီကောင်တာ (၆)ဘီး ကား ယာဉ်နံပါတ် ၂က/၆၀၅၈သို့ပြောင်းပြီးတင်ဆောင်၍ တာရိုးအတိုင်းမောင်းလာစဉ် သက်ဆိုင်ရာဖမ်းဆီးရေး အဖွဲ့မှဖမ်းဆီးရေးအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက်နေ့ည ၁၀ နာရီ က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

၎င်းကျောက်စိမ်းရိုင်းတုးံ (၁၆၅)အိတ် အလေးချိန်(၆၂၄၈.၅၀)ပိဿာဖြစ်ပြီး ပိုင်ရှင်မှာ မင်းကင်းမြို့ နယ် တောင်ဘတ်ကျေး ရွာမှ ဦးအောင်နိုင်ဝင်း၏ ပစ္စည်းများဖြစ်ကြောင်း စုံစမ်းသိ ရသည်။

၎င်းကျောင်းစိမ်းအရိုင်းတုံးများအားမန္တလေးမြို့ သို့ပို့ဆောင်ရန်ဖြစ်ကြောင်းသိရပြီး သယ်ဆောင်လာ သူ(၄)ဦး အားဖမ်းဆီး ထားပြီး မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ(ပ) ၇၁၂/၁၂မြန်မာ့ကျောက်မျက် ရတနာ ဥပဒေပုဒ်မ၄၂(က)အရအမှုဖွင့်ထားကြောင်းသိရသည်။


သစ်ထူးလွင်

No comments:

Post a Comment