Pages

Tuesday, November 27, 2012

တောင်အာရှ ကာယ ဗလမောင် ပြိုင်ပွဲတွင် HIV ရောဂါ ခံစား နေရသည့် မဏိပူရ ကာယ အလှမောင် အနိုင်ရ

နိုဝင်ဘာ(၂၇)

 
အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ်မှ HIV ရောဂါ ခံစား နေရသော ကာယ အလှမောင် တစ်ဦး ဖြစ်သူ ခွန်ဒရာ ပန်ပရာဒစ် ကူးမာသည် ပန်ဂျက် ပြည်နယ် လက်ဟီအန်နာ မြို့တွင် ကျင်းပသော တောင် အာရှ ၆၅ ကီလို ဝိတ်တန်း ကာယဗလမောင် ပြိုင်ပွဲတွင် အနိုင် ရရှိ ခဲ့ကြောင်း အင်တာနက် သတင်း အရ သိရသည်။
၎င်း၏ အောင်မြင်မှုသည် ဒေသ အတွင်းရှိ လူအများ အပြားအား အံ့အား သင့်စေခဲ့ပြီး HIV ရောဂါခံစား နေရသူများ အနေဖြင့် သာမန် လူများကဲ့သို့ နေထိုင်နိုင်သည် ဟူသော သတင်း စကားကို လူအများ သိရှိစေ ရန် ဆောင်ကြဉ်း ပေးလိုက်ခြင်း ဖြစ်သည်။
ပရာဒစ် ကူးမာ၏ အောင်မြင် မှုအတွက် မဏိပူရ ပြည်နယ် အားကစား သက်သာ ချောင်ချိရေး အဖွဲ့၊ ၎င်း၏ မိသားစု ဝင်များ၊ Self Support G1 အဖွဲ့ဝင် များနှင့် မိတ်ဆွေများက ဂုဏ်ပြု ချီးကျူး ခဲ့ကြောင်း သိရသည်။
ပရာဒစ် ကူးမာသည် ယခင်နှစ်တွင် ကျင်းပသည့် ကမ္ဘာ့ ကာယ အလှမောင် ပြိုင်ပွဲတွင် နံပါတ်ရှစ် နေရာ၌ ရပ်တည် နိုင်ခဲ့သူ တစ်ဦး ဖြစ် သည်။
၎င်းသည် HIV ရောဂါ ကုသမှု ခံယူနေစဉ် အတွင်း ဒီဇင်ဘာ လတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် ကမ္ဘာ့ ကာယ အလှမောင် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment