Pages

Tuesday, November 6, 2012

"ကမ္ဘောဇမှ I Love KBZ ဈေးကွက်မြှင့်တင်ရေး ပြုလုပ်"


ကမ္ဘောဇဘဏ်မှ I Love KBZ ပရိုမိုးရှင်းကို နိုဝင်ဘာ ၂၀ ရက်နေ့အထိ ပြု လုပ်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

I Love KBZ အင်္ကျီများကို နိုဝင်ဘာ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ကမ္ဘောဇ ဘဏ်ခွဲများ တွင် ပေးဝေသွားမည် ဖြစ်ပြီး အဆိုပါ အင်္ကျီဝတ်ဆင်၍ တစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ဓာတ်ပုံရိုက်၍ kbzpromotion@gmail.com သို့ ဓာတ်ပုံများကို စိစစ်၍ KBZ Facebook တွင် တင်ပေးပြီး Like အများဆုံးရသူ (၃)ဦး ရွေးချယ်ကာ ဆုများချီးမြှင့်မည့် ပရိုမိုးရှင်း အစီအစဉ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပရိုမိုးရှင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မာကတ်တင်း တာဝန်ခံဒေါ်အေးအေးမင်းက “KBZ ကို ဘယ်လောက်စိတ်ဝင်စားမှု ရှိလဲ၊ ဒီစိတ်ဝင်စားမှုကြောင့် KBZ မှာ အကောင့်ဘယ်လောက်တိုးလာမလဲကို သိချင်လို့ပါ” ဟု ပြောသည်။


Like အများဆုံးရသူ (၃)ဦးကို KBZ Facebook၌ ဒီဇင်ဘာ (၃)ရက်နေ့ တွင် ကြေငြာပေးမည် ဖြစ်ပြီး ပထမ ဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၅ သိန်း ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ref:Popular Myanmar News Journal

No comments:

Post a Comment