Pages

Monday, November 19, 2012

KIA အဖွဲ့ က ကချင်ဒေသအတွင်းနေထိုင်သည့် ရှမ်းတိုင်းသူနဲ့ အခြားတိုင်းရင်းသူတွေကို ဂျပန်ခေတ်ဆောင်ကြာမြိုင်မျိုးလုပ်နေပြီးလား?

နိုဝင်ဘာ(၁၉)

မြန်မာနိုင်ငံမှာ မြစ်ကြီးလေးသွယ်ရှိသည့်အနက် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသား လူ မျိုးတွေ အား လုံးကို အကျိုးကျေးဇူးများစွာပြုသော မြစ်တစ်စင်းဖြစ်သကဲ့သို့ အဲဒီ ဧရာဝတီမြစ် စတင်မြစ် ဖျား ခံ တဲ့ ကချင်ပြည်နယ်ကြီးကလည်း အလွန်လှပတဲ့ ပြည်နယ်တစ်ခုဖြစ်ပါသည်။ တစ်နှစ်ပတ် လုံး ရေခဲတွေနဲ့ဖုံးလွမ်း နေတဲ့ တောင်တန်းတွေ၊ သာယာလှပတဲ့နေရာတွေအပြင် အရမ်းကိုရိုးသားဖြူစင်တဲ့ တိုင်းရင်းသားစုပေါင်းနေတဲ့ ကချင်ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်း သားတွေအပြင် ရှမ်း၊ ဗမာ၊ ကရင်၊ ကယား၊ ချင်း၊ မွန်နှင့် အခြားသောတိုင်းရင်းသား များလည်း အေးချမ်းစွာစုပေါင်း နေထိုင်ကြပါတယ်။ ကချင်ပြည်နယ်မှာ ကျွန်း၊ ကျောက်စိမ်းနဲ့ အခြား သယံဇာတများစွာ ထွက်တဲ့နေရာဒေသ တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လဲ အေးချမ်းလှတဲ့ ကချင်ပြည်နယ်ကြီးမှာ ၂၀၁၁ခုနှစ်  ဇွန်လလောက်ကနေစပြီး စစ်မီးများ တစ်ဟုန်းဟုန်းတောက်လောင်ခဲ့ရပါသည်။ ၁၉၉၄ခုနှစ်မှစပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးယူထားပြီးကာမှ လူမျိုးကြီးဝါဒဆွဲကိုင်တဲ့ KIO/KIA ခေါင်းဆောင်တစ်ချို့ကြောင့်ငြိမ်းချမ်းရေးပျက်ပြားခဲ့ရပါသည်။ ဂျိန်းဖော၊ လချိတ်၊ လ၀မ်နဲ့ လီစူး စတဲ့လူမျိုးစုများ ပေါင်းစည်းပြီးထားပေမယ့် လက်ရှိ KIA/KIO ကချင် လူမျိုး ခေါင်းဆောင်ကြီး များသည် ကချင်တစ်မျိုးသားလုံးအတွက် လုပ်ဆောင်နေခြင်းဖြစ် သည်ဟု ဆိုသော်လည်း ဂျိန်းဖောလူမျိုးစု တစ်ခုတည်း အတွက်သာကြည့်ပြီး ကျန်တဲ့ ကချင်မျိုးနွယ်စုခြင်းတူညီတဲ့ အခြား မျိုးနွယ်စုများကို နှိမ်ကွက် ထားတာကို တွေ့ရပါတယ်။ တော်လှန်ရေးအတွက် အခွန်တွေကို အဆမတန် ကောက် ခံတဲ့အပြင် လူသစ်များကိုလည်း မတရားစုဆောင်းခံနေရပါတယ်။ လူသစ်စုဆောင်း ရာမှာ အမျိုးသားများ အပြင် အမျိုးသမီးများကို ပါအဓမ္မစုဆောင်းခဲ့ကြပါတယ်။
 
စုဆောင်းခံရတဲ့အမျိုးသမီးအများစုမှာ ဂျိန်းဖော အမျိုးသမီး မရှိသလောက်ဖြစ်ပြီး အခြားသော ကချင်မျိုးနွယ်စု မိန်းကလေးများနဲ့ ရှမ်း၊ ကယား၊ ဗမာ စတဲ့ လူမျိုးစုအမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြပါသည်။ စစ်တိုက်တဲ့နေရာမှာ မိန်းကလေးတွေကို သူတို့ရဲ့စခန်းတွေ မှာ ခြေဆုတ် လက်နယ် ပြု လုပ် ဖို့ ဖမ်းဆီး ခေါ်ဆောင်သွားကြပါသည်။ တချို့လှပတဲ့မိန်းကလေးတွေကို KIA/KIO ခေါင်းဆောင် ကြီးတွေ က သူတို့ရဲ့ သက်တော်စောင့်အဖြစ် (ခြေတော်တင်/ကိုယ်လုပ်တော်အဖြစ်) အသုံးပြုသလို၊ တရုတ်နိုင်ငံသို့လည်း ငွေကြေးနဲ့ရောင်းစားနေတာကိုလည်းသိရပါတယ်။ ဖမ်းဆီးခံသွားရတဲ့ မိန်း ကလေးတွေ ရဲ့ဘ၀ ကမတွေးဝံ့စရာ ပါဘဲ။ ဖမ်းဆီးခံရတဲ့ မိန်းကလေးအများစုမှာ ရှမ်းမိန်းကလေးငယ် ၁၆ နှစ် ကနေ ၂၅ နှစ်ကြားမိန်းကလေးများဘဲ ဖြစ်ပါတယ်။

        KIA က တိုက်ပွဲစဖြစ်စမှာ ကချင်လူငယ်လေးတွေကိုသာ တပ်သားသစ်အဖြစ်စုဆောင်းပေ 

မယ့်   နောက်  ပိုင်းမှာ အခြားတိုင်းရင်းသားတွေကိုပါစုဆောင်းလာခဲ့ပါတယ်။ ဒါပေမယ့် KIA အတွင်းမှာ 

ကချင်လူမျိုးနဲ့ အခြားတိုင်းရင်းသားတွေကို လူမျိုးရေးခွဲခြားနေမှုတွေကိုလုပ်နေပါတယ်။ 

၂၀၁၁နှစ်ကုန်ပိုင်းလောက်ကနေစပြီး မိန်းမငယ်တွေကိုပါ အတင်းအဓမ္မ စုဆောင်းလာကြပါတယ်။ 

လိုင်ဇာမှာဆိုရင် အမျိုးသမီးကိုယ်ရံတော်တပ်ဖွဲ့ တွေကို ဖွဲ့ပြီး KIA ခေါင်းဆောင်ကြီးတွေရဲ့ဘေးနား 

မှာနေပြီး ခြေဆုပ်လက်နယ် အလုပ်အကျွေးပြု ကိုယ်လုပ်တော် လုပ်ပေးနေရပါတယ်။



 

KIA ၏သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း KIA ကိုစတင်ထူထောင်ခဲ့တဲ့ ဒူဝါဇော်တူးနဲ့ ဒူဝါဇော်ဆိုင်းတို့လဲ ဓမြတိုက် ဘိန်းလုပ်ပြီး ရတဲ့ငွေကို အဖွဲ့ထဲကိုမပေးဘဲ ကိုယ်ပိုင်သုံးက ထိုင်းနိုင်မှာ မိန်းမတွေနဲ့ ပျော်ပါးနေတဲ့အတွက် ၁၉၇၅ခုနှစ်မှာ KIA အဖွဲ့ထဲကဘဲ ပြန်လာတဲ့အချိန် လုပ်ကြံ သတ်ဖြတ်ခဲ့ ပါတယ်။ အခုခေါင်းဆောင်တွေကိုယ်တိုင် မိန်းမကိစ္စကို စွဲလန်းတက်မက်စွာ လိုက်စားနေတာ ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ KIA အဖွဲ့၏ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ဆိုရင် သူ့ ကွန်ပျူတာ စာရေး မလေး နဲ့ ဖြစ်ပြီး ကောင်မလေးမှာ ကိုယ်ဝန်ရလာလို့ ဖျက်ခိုင်းရာကနေ ကောင်မလေးသေဆုံးသွားခဲ့ပါသည်။ အဲဒီအတွက်ကို ကောင်မလေး မိဘဆွေမျိုးများက မကျေနပ်ဖြစ်ပေ မယ့် ကြောက်လို့ဘာ မှမပြောရဲ ခဲ့ကြပါဘူး။

KIA အဖွဲ့က ၄လပိုင်းအတွင်းမှာပင် တာလောကြီးမှ မိန်းကလေး ၁၂ ယောက်၊ ကာမိုင်းမှ ၁ယောက်၊ နန်ပေါင်ချောင်းရွှေမှော်မှာ ၇ ယောက် စုစုပေါင်း ၂၀ယောက်အားလည်းကောင်း၊ ၅လပိုင်းမှာ ၀ိုင်းမော် နောင်စီပေါရွာ၊ နန့်ဝါရွာ နဲ့ ပူတာအိုလမ်းကြောင်းပေါ်မှနေပြီး ၈ ယောက် အားအတင်းအဓမ္မ ဖမ်းဆီး ခေါ်သွားခဲ့သည်။ ဖမ်းဆီးမှုမှ ၂၀၁၁ခုနှစ် စစ်စဖြစ်ချိန်မှ နှစ်ကုန်ထိ မိန်းကလေးများကို ဖမ်းဆီးမှု မှာ ၅ယောက်သာ ရှိခဲ့သော်လည်း ၂၀၁၂ခုနှစ် အစောပိုင်းမှစပြီး မိန်းကလေးများကို ဖမ်းဆီးမှု ပိုမိုများပြားလာကို ကြားသိခဲ့ရပါသည်။
          ဒုက္ခသည်စခန်းကိုကြည့်မယ်ဆိုရင်လည်း မိန်းကလေးများ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်များ သာရှိနေတယ်ကိုတွေ့ရပြီး၊ အိမ်ထောင်သည်အမျိုးသမီးများကို အကြပ်ကိုင်ပြီး လင်ယောကျာင်္းကို အကြပ်ကိုင် စစ်တိုက်ခိုင်းပေမယ့် အဲဒီအမျိုးသမီးများကို စောင့်ရှောက်မှုမရှိဘဲ နောက်တန်းမှာရှိတဲ့ KIA တပ်သားများနဲ့ ဖောက်လွဲဖောက်ပြန်မှုတွေ ဖြစ်ပေါ်မှုများလည်းရှိသလို၊ အရွယ်ကောင်း အမျိုးသမီးတွေ ကို ရှေ့တန်းစခန်းတွေ မှာ ဒုတိယကမ္ဘာစစ်က ဂျပန်တွေ ကိုးရီးယားမတွေကို လိင်ကျွန်အဖြစ် အသုံးပြုသလို ခေါ်ယူ စေခိုင်းကြပါတယ်။ အရုပ်ရည်ရှိတဲ့ မိန်းကလေးတွေကို KIA ခေါင်းဆောင်ပိုင်းတွေ က ခေါ်ယူစားသုံးပြီး ဇိမ်ခံခန်းတွေကို ပို့ဆောင်ခြင်းများရှိပြီး အချို့အမျိုးသမီးများကို တရုတ်နိုင်ငံ သို့ ရောင်းစားကာ လက်နက်နဲ့ လဲလှယ်ခြင်းများကို ပြုလုပ်နေတာကို အထောက်အထားများအရသိရှိရ ပါတယ်။

ကချင်နေ့စဉ်သတင်း

No comments:

Post a Comment