Pages

Saturday, November 3, 2012

SSA(၀မ်ဟိုင်း)ဌာနချုပ်မှ လက်အောက်ခံတပ်ဖွဲ့များအပေါ် ကြပ်မတ်မှုအားနည်း

နိုဝင်ဘာ(၃)

ပန်ဖနှင့် လက်အောက်ခံစစ်သည်များ



SSA(၀မ်ဟိုင်း)ဌာနချုပ်နဲ့ ဝေးလံတဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ ဌာနချုပ်ကထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြား ချက်တွေကို လိုက်နာမှုအားနည်းကြောင်းကို နိုဝင်ဘာလ(၂)ရက်နေ့မှာ မိုင်းရှူးမြို့နယ် အတွင်းက ဒေသခံ ရှမ်း လူမျိုးတွေက ပြောကြားသွားခဲ့ပါတယ်။

ဒေသခံတစ်ဦးမှ `` SSA(၀မ်ဟိုင်း)အဖွဲ့ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေဟာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အတွက် အလွန်ဝမ်းသာမိသော်လည်း SSA(၀မ်ဟိုင်း)ဌာနချုပ်နဲ့ဝေးတဲ့ အရပ် မှာရှိတဲ့ ခေါင်းဆောင်ငယ်တွေဟာ ယခင်လုပ်ရပ်တွေဖြစ်တဲ့ ရိက္ခာနဲ့ငွေတွေ ကို ကောက် ခံနေသေးကြောင်း၊ ၄င်းတို့စခန်း များကို ကျေးရွာများမှ ဆက်သားများ အလှည့်ကျစေလွှတ်ပေးနေရပြီး ရိုင်းပျစွာပြောဆို ဆက်ဆံနေကြောင်း၊ ဘိန်းစိုက်ပျိုးပြီးမူးယစ်ဆေးဝါးကိစ္စများတွင် ပါဝင်ပတ်သက်နေသေး  ကြောင်း ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်ပါဝင်စားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်ဆန် စီးပွားရေးကိစ္စများကိုသာ စိတ်ဝင်စားကြကြောင်း၊ မူးယစ်ဆေး ၀ါးရောင်းဝယ်ရာတွင် ရှမ်းပြည်လူထုကို ခြိမ်းခြောက်စေခိုင်းပြီး ပြဿနာနှင့်ကြုံတွေ့ရပါက တာဝန်မခံ ကြကြောင်း ၄င်းတို့ကိုယ်တိုင် ဘိန်းစိုက် ပျိုးမှု များ တွင် ပါဝင်နေသည့်အတွက် ရှမ်းပြည်နယ် ဘိန်းပပျောက်ရေးအစီအစဉ်များ အောင်မြင်မှုမ ရှိကြောင်း ´´   စ သည်ဖြင့်ပြောပြသွားပါတယ်။

SSA (၀မ်ဟိုင်း)အဖွဲ့ ခေါင်းဆောင် ပန်ဖအနေဖြင့် နိုင်ငံတော်နှင့် အပစ်အခတ်ရပ် စဲထားပြီး ဒေသဖွံ့ဖြိုးတိုး တက် ရေးလုပ်ငန်းများ၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေးလုပ်ငန်းများအား ဆောင်ရွက်နေပေမယ့် လက်အောက်ခံတပ်ဖွဲ့များအနေဖြင့် လိုက်ပါဆောင်ရွက်မှုမရှိကြောင်း သိရှိရပါတယ်။ ပန်ဖဟာ အောက်တို ဘာလ(၃၁)ရက်နေ့တုန်းက SSA (၀မ်ဟိုင်း) ဌာနချုပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ဒေသခံရွာသူ၊ ရွာသားများနဲ့ အတူ သံဃာတော်အပါး(၉၀)ကျော်ကို တစ်ပါးလျှင်ငွေ(၅၀၀၀)ကျပ်နဲ့ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment