Pages

Monday, November 19, 2012

SSA(၀မ်ဟိုင်း)အဖွဲ့မှ ထောင်ထားသည့်မိုင်းကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

နိုဝင်ဘာ(၁၉)

ဒဏ်ရာရရှိသွားသည့် ဒေါ်နန်းရွှေဋ္ဌေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပကာကျေးရွာတွင် SSA(၀မ်ဟိုင်း) အကြမ်းဖက် သမား များ ထောင်ထားခဲ့သောမြေမြှုပ်မိုင်းနင်းမိသဖြင့်...အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန် စွာရရှိသွားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ (၁၉)ရက်၊နံနက်(၈း၀၀)နာရီခန့်က ပကာကျေးရွာနေ ဦးအိုက်ခမ်း၊ ဒေါ်ဖူးစိန် တို့၏ သမီးဖြစ်သူ နန်းရွှေဋ္ဌေး(၃၀)နှစ်သည် ယာခင်းသို့အသွား၊ ရွာပတ်လမ်းတွင် SSA(၀မ်ဟိုင်း) အကြမ်းဖက် သမားများထောင် ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။

နန်းရွှေဋ္ဌေးအား ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ကုသထားရာ မြို့နယ်အုပ် ချုပ်ရေး မှူး ဦးမြင့်ထွန်းနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြပြီး၊ လိုအပ်သည်များကို ပံ့ပိုးဖြည့် ဆည်းပေးကြသည်။အဆိုပါ ပကာကျေးရွာသည် ကျောက်မဲမြို့မှ သုံးမိုင်ခန့်ဝေးသည်ဟု သိ ရသည်။

ကျောက်မဲခရိုင်မိုင်းငေါ့မြို့နယ်ခွဲတွင်လည်းလွန်ခဲ့သော ရက်အနည်းငယ်မှစပြီး အကြမ်းသမားများ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ချို့ဒဏ်ရာ ရရှိခဲ့သည်။

No comments:

Post a Comment