Pages

Wednesday, November 21, 2012

SSA(၀မ်ဟိုင်း) အဖွဲ့၏ ကထိန်သင်္ကန်းကပ်နှင့် ရှင်ပြုမင်္ဂလာအခမ်းနား

နိုဝင်ဘာ(၂၁)







အလှူအတန်းရက်ရောသည့် ရှမ်းတိုင်းရင်းသားတို့၏ အလှူတစ်ခု(ဓာတ်ပုံ-အင်တာနက်)

မိုင်းရှူးမြို့နယ်၊ ၀မ်ဆော့ကျေးရွာတွင် SSA (၀မ်ဟိုင်း)အဖွဲ့ လက်အောက်ခံ တပ်ရင်းများ မှ နိုဝင်ဘာ လ(၁၉)ရက် နေ့မှ (၂၁)ရက်နေ့အထိ ကထိန်သင်္ကန်းကပ်လှူခြင်းနှင့် ရှင်ပြုမင်္ဂလာအခမ်းအနား ကျင်း ပခြင်း တို့ကို ပြုလုပ်ခဲ့ ကြောင်း သိရပါသည်။

အလှူပွဲကို ၀မ်ဆော့ကျေးရွာဘုန်ကြီးကျောင်းတွင်(၃)ရက်တိုင်တိုင် ကျင်းပခဲ့ပြီး(၁၉)ရက်နေ့တွင် ကထိန် သင်္ကန်း ကပ်လှူခြင်းနဲ့ ရှမ်းပျိုမယ်များမှ ကပြဖျော်ဖြေပေးခဲ့ကြပါတယ်။ (၂၀)ရက်နေ့မှာ ရှင်လောင်းများနဲ့ ပဒေသာပင် များ လှည့်လည်ကပြခဲ့ပြီး ညပိုင်းမှာ ကိန္နရာတိုးနယားအကနဲ့ ဖျော်ဖြေပြီး ဆုပေးပွဲကျင်းပ ခဲ့ပါတယ်။ (၂၁)ရက် နေ့ မနက်ပိုင်းမှာ ဆံချခြင်းနဲ့ နေ့လည်ပိုင်းမှာ ရေစက်ချ အမျှပေးဝေခြင်း များ ပြုလုပ် ခဲ့ပါတယ်။

အလှူပွဲကို ဧည့်သည်တော်များနဲ့ ရွာသူရွာသားများ စည်စည်ကားကား တက်ရောက်ခဲ့ကြပါတယ်။ အလှူရှင်တွေကတော့ SSA (၀မ်ဟိုင်း)အဖွဲ့ တပ်မဟာ(၇၂)မှ စုမှူးအဆင့်ရှိတဲ့ မိန်းမိုင်နဲ့ ဇနီး ဒေါ်ပါဖွန်တို့ဖြစ်ကြောင်း သိရပါတယ်။ ``အခု လို SSA (၀မ်ဟိုင်း)အဖွဲ့ဝင်တွေအနေနဲ့ ရှမ်းပြည်သူ/ပြည်သားတွေနဲ့အတူ အလှူ အတန်းများ ပူးပေါင်းဆောင်ရွက် တဲ့အတွက် အလွန်ပင် ကြည်နူးကျေနပ်ရကြောင်းနဲ့ ဒေသခံပြည်သူများမှလည်း အလှူပွဲကို အစွမ်းကုန်ဝိုင်းဝန်း ကူညီပေးခဲ့ပါတယ်´´ လို့ ၀မ်ဆော့ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ပြောကြားသွားပါတယ်။

No comments:

Post a Comment