Pages

Sunday, November 18, 2012

မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတို့ဖြင့် ရပ်တည်နေရသော UWSA


မြန်မာ-ထိုင်းနယ်စပ်မျဉ်းတစ်လျှောက် နေရာယူထားသော ၀ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA သည် ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းကိုအစပြုကာ တပ်ဖွဲ့တစ်ခုတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ မူလရင်းမြစ်က ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်အောက်တွင် တပ်ရင်းငယ်များအဆင့်သာရှိခဲ့ရာမှ ဗကပနှင့်လမ်းခွဲ ပြီး နောက်ပိုင်းတွင် ၀ အမျိုးသားတပ်မတော်နှင့် ၀ပြည် သွေးစည်းညီညွတ်အဖွဲ့ဟု ဖြစ်ပေါ်လာခဲ့ပါတယ်။ တပ်ဖွဲ့များတိုးချဲ့ရေး၊ ရိက္ခာရရှိရေးအတွက် ရှမ်းပြည်နယ်အတွင်း အစိုးရတပ်များပေါက်ရောက်မှု နည်းသောဒေသများတွင် ဘိန်းခင်းများ စိုက်ပျိုးခြင်း၊ ဒေသခံလူထုမှ ငွေကြေးကောက်ခံခြင်းတို့မှတစ်ဆင့် သစ်များခိုးထုတ်ရောင်းချခြင်းတို့ဖြင့် ငွေကြေး ကြွယ်ဝလာခဲ့ပါတယ်။


အခုဆိုရင် ၀နယ်ထဲမှာ လက်နက်စက်ရုံ(၃)ခုထက်မနည်း တည်ထောင်ထားရှိပါတယ်။ ၀က ထုတ်လုပ်တဲ့ လက်နက်တွေဟာ တရုတ်လက်နက်တွေလို ပေါ့ပါးပြီး သယ်ရတာလွယ်ကူခြင်း၊ ဈေးနှုန်း သက်သာမှုရှိခြင်း တို့ ကြောင့် ၀လက်နက်ရောင်းဝယ်မှုဈေးကွက်ဟာ အိန္ဒိယနယ်စပ်ကတစ်ဆင့် မူဆလင်နိုင်ငံတွေအထိ ကျယ်ပြန့် လျက်ရှိတယ်လို့ မြန်မာပြည်အရေးလေ့လာနေတဲ့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့ လာစောင့်ကြည့် မှုအဖွဲ့(HRW)မှ ဒေးဗစ်မက်သီဆင်က သတင်းပေးပို့ထားပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ တရုတ်အစိုးရအဆက်ဆက်ဟာ ၀တပ်ဖွဲ့တွေကို မသိမသာတစ်မျိုး၊ သိသိ သာသာတစ်မျိုးနဲ့ အမျိုးမျိုးထောက်ပံ့ကူညီမှုတွေပေးနေခဲ့ပြီး ထိုင်းနိုင်ငံက KNU ကိုမွေးထားသလိုမျိုး တရုတ်က ၀တပ်ဖွဲ့တွေကို သူတို့ရဲ့လူမျိုးစုတစ်ခုလို့ ခံယူထားပြီး ကူညီနေတာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ အာဏာချိန်ခွင်လျှာ ထိန်းညှိဖို့အတွက် ၀တပ်ကိုတော့ တောင့်တင်းအောင် လက်နက်၊ ယူနီ ဖောင်း၊ စီးပွားရေးတွေတပ်ဆင်ပေးထားတယ်။ ဒီတော့ ၀ပြည်နယ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့် အ၀ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်လာနေတယ်။ တရုတ်ရဲ့ပေါ်လစီကတော့ မြန်မာပြည်တွင်းရေးမှာ  တရုတ် က မြန်မာနိုင်ငံထဲ ကို ခြေရှုပ်နိုင်ဖို့အတွက် ၀ကတစ်ဆင့် ၀င်နိုင်ရေးဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက်ကကြည့်မယ်ဆိုရင်တော့ ၀တွေကြောင့် ထိုင်းနိုင်ငံမှာ မူးယစ်ဆေးစွဲ သူတွေများနေတဲ့ အတွက် မူးယစ်ဆေးဝါးနှိမ်နင်းရေးကို မြန်မာအစိုးရနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်နေပါတယ်။ အစိုးရတပ်နဲ့ ၀တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်လာပါက ဒုက္ခသည်ပေါင်း ၂ သိန်းခန့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များသို့ ၀င် ရောက်လာနိုင်သည်ဟု မကြာသေးမီက ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် ကာ ကွယ်ရေးဌာနက ပြောခဲ့ပါတယ်။
လက်ရှိအနေအထားမှာတော့ ၀တပ်ဖွဲ့တွေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးတည်ဆောက်ထားပါတယ်။ ၀တပ်ဖွဲ့ လူကြီး တွေကတော့ မီးစာတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဆိုတဲ့ စကားပုံလိုပါဘဲ။ တစ်ဖက်မှာ ငြိမ်းချမ်းရေး ရယူထားသလို တစ်ဖက်မှာလဲ လူသစ်တွေစု၊ တပ်အသစ်တွေတိုးချဲ့၊ ငွေကြေးတွေကောက်ခံ စတဲ့အလုပ်
တွေကို တိုးချဲ့လုပ် ဆောင်နေပါတယု။ ဒေသခံပြည်သူတွေရဲ့ရင်ထဲမှာတော့ ၀တပ်ဖွဲ့တွေအနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးမလုပ်ဆောင်ခင်တုန်းက ဒီလောက်ထိအတင့်မရဲဘဲ ငြိမ်းချမ်းရေးရယူပြီးကာမှ ပိုမိုဆိုးရွား လာနေတယ် လို့ ပြောဆိုကြပါတယ်။
နိုင်ငံတော်ရဲ့အနာဂတ်မှာတော့ ၀တပ်ဖွဲ့တွေဟာ စိုးရိမ်စရာအဖွဲ့အစည်းတစ်ခုလိုဖြစ်လာနေပြီး မိမိတို့   ကောင်း ကျိုးတစ်ခုတည်းကိုပဲ အစဉ်ရှေးရှုလှုပ်ရှားနေတဲ့ အတင့်ရဲရဲအဖွဲ့အစည်းတစ်ခုလို နိုင်ငံရဲ့မူဝါ ဒတွေကို မသိမသာမှ သိသိသာသာ တစ်ဆင့်ချင်း ချိုးဖောက်လာနေတာဖြစ်တဲ့အတွက် နိုင်ငံနဲ့လူမျိုးရဲ့ အနာဂတ်ကောင်းကျိုးအတွက် ဆူးညှောင့်ခလုပ်သဖွယ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံဆိုင်ရာ အစိုးရ အကြီးအကဲတွေအနေနဲ့ ၀ အထူးဒေသမှ အထူးအခွင့်အရေးများနှင့် အခွင့်ထူးခံလူတန်းစား ၀တပ်ဖွဲ့ ခေါင်းဆောင် အချို့ကို အဓိကထား စောင့်ကြည့်နေသင့်တယ်လို့ ထင်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

No comments:

Post a Comment