Pages

Thursday, November 22, 2012

UWSA (သို့မဟုတ်) တရုတ်ပေါက်ကလေး “ ၀ ” ၏ မူးယစ်ဆေးဝါးဈေးကွက်

နိုဝင်ဘာ(၂၂)


                                 မူးယစ်ဆေးဝါးကို မှီခိုအားထားနေသော `၀´တပ်ဖွဲ့

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံတိုင်းတွင်မဆို ကိုယ်ပိုင်စီးပွားရေး၊ ကိုယ်ပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင် အုပ်ချုပ်မှု ပုံစံတစ်မျိုးစီဖြင့် ရပ်တည်နေထိုင်ကြပါတယ်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းကစပြီး ဘိန်းစိုက်၊ ဘိန်း ရောင်းပြီး ကြွယ်ဝချမ်းသာလာတဲ့ `၀´ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ `၀´ ပြည် သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ UWSA ကတော့ နိုင်ငံငယ်လေးတစ်နိုင်ငံလို မူးယစ်ဆေးဝါးရောင်း ၀ယ် ဖောက် ကား ခြင်း၊ ဘိန်းစိုက်၊ ဘိန်းရောင်းခြင်းတွေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုတွေရယူကာ ပြောင်ပြောင် တင်းတင်း ရပ်တည်နေပါတယ်။

`၀´ တပ်ဖွဲ့တွေအနေနဲ့ အဲဒီလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို လုပ်ဆောင်ရာက ရတဲ့ ၀င်ငွေတွေ၊ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ နည်းလမ်းပေါင်းစုံကရတဲ့ဝင်ငွေတွေနဲ့ အင်အားကြီးမား တောင့်တင်း တဲ့ အဖွဲ့ အစည်းတစ်ရပ်ကို ဖွဲ့စည်းနေပါပြီ။ အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မှာတော့ `၀´ တပ်ဖွဲ့တွေဟာ တရားဝင်စီးပွားရေးလုပ်ငန်းတွေမှာရော၊ တရားမ၀င် စီးပွားရေး လုပ်ငန်း များစွာမှာပါ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်လို ဖြစ်နေပါပြီ။ ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းလိုက်ပြီလို့ ၂၀၀၉ ခုနှစ်မှာ တရားဝင်ကြေညာခဲ့ပေမဲ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှာ ထွက်ပေါ် လာတဲ့ Weekly သတင်းဌာနရဲ့ သတင်း ထုတ်ပြန်ချက်တွေအရဆိုရင် UWSA က မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေနဲ့  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန် ဒေါ်လာ ဘီလီယံရှိတယ်လို့ ဆိုထား ပါတယ်။ ဒါ့အပြင် တရုတ်လက်နက်ကုန်သည်တွေနဲ့ တခြား နိုင်ငံများစွာက သူပုန်တွေအကြားမှာ ပွဲစား လုပ်ပေးတဲ့အတွက် မျိုးမျိုးမြတ်မြတ်ရခဲ့ပါသေးတယ်။ `၀´ မြို့တော် ပန်ဆန်း ဆိုတာ ကမ္ဘာ့အဆင့်မီ ဆောက် လုပ်ထားတဲ့ ဟိုတယ်တွေ၊ ကာစီနို လောင်းကစား ရုံတွေ၊ နိုက်ကလပ်တွေ၊ အနှိပ်ခန်းတွေနဲ့ မာဖီးယား ဒုစရိုက် မြို့တော်လို ဖြစ်နေပါပြီ။

                           မူးယစ်ဆေးဝါးဖြင့် တိုးတက်ခေတ်မီနေသော `၀´ မြို့တော် ပန်ဆန်း

တရုတ်နိုင်ငံရဲ့ပံ့ပိုးမှုနဲ့ လက်နက်ထုတ်တဲ့ စက်ရုံတွေ၊ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်တွေ၊ တင့်ကား တွေ၊ သံချပ်ကာကားတွေ၊ လေယာဉ်တွေပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင် အဓိက လုပ်ဆောင် ခဲ့တဲ့ `၀´ တပ်ဖွဲ့ရဲ့ အဓိကစီးပွားရေးကတော့ ဘိန်း၊ မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းချမှု တွေကြောင့်ပါပဲ။

၂၀၀၃ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဌာနက ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲဒီကြေညာချက်ကတော့ `၀´ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA အဖွဲ့ဝင် ၂၆ ဦးနဲ့ သူတို့နဲ့ပတ်သက်နေတဲ့ ကုမ္ပဏီ ၁၇ ခုကို မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုနဲ့ အရေးယူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ `၀´ ပြည် သွေးစည်ညီညွတ်ရေးအဖွဲ့က မူးယစ်ဆေးဝါး ထုတ်လုပ်ရေးမှာ အရှေ့တောင်အာရှမှာ အကြီးမားဆုံးအဖွဲ့ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအဖွဲ့ ရဲ့ ခေါင်းဆောင်က ဝေရှောက်ခန် ( Wei Hsueh Kang ) ဖြစ်ပြီးတော့ သူ့ကိုမိရင် အမေရိကန်ဒေါ်လာ သန်း ဆုချီမြှင့်မယ်လို့ အမေရိကန် အစိုးရက ၂၀၀၃ မေလ ၂၉ ရက်နေ့နဲ့ ၂၀၀၅ ဇန္န၀ါရီလတွေတုန်းက ကြေညာချက် ထုတ်ထားခဲ့ပါတယ်။ အဓိကပစ်မှတ်ထားတဲ့ မူးယစ်ရာဇာ ဦးကတော့ Pao Yu Hsiang, Ho Chun Ting, Shih Kuo Neng တို့ပဲဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ `၀´ ခေါင်းဆောင်တွေကို ပစ်မှတ် ထားပြီး အရေးယူဆောင်ရွက်သွား မယ်လို့ဆို ပါတယ်။
 
၂၀၀၇ ခုနစ် အောက်တိုဘာလမှာ ဟောင်ကောင်ရဲအရာရှိတွေကဖမ်းဝရမ်းထုတ်ထားတဲ့ ဟူချမ်တိန် ကို ဖမ်းမိခဲ့ပေမဲ့လည်း အကျိုးတူစီးပွားရေးအတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ အမေရိကန် တရား ရုံးတော်က မူးယစ် ဆေးဝါးရောင်းဝယ်ဖေါက်ကားသူတွေနဲ့ စီးပွားရေးအရ မပတ်သက်ဖို့ကို တောင်ပိတ်ပင် တားမြစ် ထားပါတယ်။ တကယ်လို့ အမေရိကန်ပြည်သူတစ်ယောက်က သူတို့နဲ့ သွားရောက် ဆက်ဆံတာတို့၊ စီးပွားရေး ပြုလုပ်တာတို့ရှိခဲ့ရင် ထောင်ဒဏ်နဲ့ငွေဒဏ် သန်း သောင်းခွဲ ချမှတ် ခံရမယ်လို့ ဥပဒေချမှတ် ခဲ့ပါတယ်။ စီးပွားရေးကော်ပိုရေးရှင်းအရာရှိတွေကလည်း စီးပွားရေးအရ ဆက်ဆံမှုရှိခဲ့ရင် ထောင်ဒဏ် အနစ် ၃၀ နဲ့ ငွေဒဏ် သန်း ချမှတ်မယ်လို့လဲကြေညာချက်မှာ ဖော်ပြထား ခဲ့ပါတယ်။ အမေရိကန် အနေနဲ့လည်း တရုတ်ရဲ့ကူညီထောက်ပံ့မှုတွေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု တွေကြောင့်  ခေါင်းထောင်ထလာ တဲ့ UWSA အဖွဲ့ကို မျက်စိဒေါက်ထောက်ကြည့်နေမှန်း သိသာလှပါတယ်။ အဲဒီလို မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ `၀´ ဒေသ UWSA တပ်ဖွဲ့ဝင်တွေအနေနဲ့ တရုတ်ရဲ့ အကျိုးစီးပွားတူ ကူညီပံ့ပိုးမှုတွေကြားမှာ အစိုးရရဲ့ အပစ်အခတ် ရပ်ဆဲရေးနဲ့ ငြိမ်းချမ်းရေးကို အလွဲသုံးစားလုပ် အမြတ်ထုတ်နေတဲ့ ခေတ်သစ်တရုတ်လေး `၀´ ရဲ့ လုပ်ဆောင်ချက်တွေကြောင့် တစ်နေ့တခြား နိုင်ငံတကာမှာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချ နေတဲ့ မြန်မာနိုင်ငံလို့ အမည် မှတ်ယူမခံရဖို့ ၀ိုင်းဝန်းထိန်းသိမ်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး `၀´ တပ်ဖွဲ့ခေါင်းဆောင်တွေကို အသိပေး အကြောင်းကြားလိုက်ရပါတယ်။

No comments:

Post a Comment