Pages

Thursday, December 20, 2012

ABSDF နှင့် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့တို့ တွေ့ဆုံ

ဒီဇင်ဘာ(၂၀)
UNA နဲ့ ABSDF တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြစဉ် (ဓာတ်ပုံ – SNLD)
ABSDF  (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ ယနေ့နံနက် ၉ နာရီမှ ၁၁ နာရီအထိ ရန်ကုန်မြို့ ကိုးမိုင် (ရှမ်းရွာ) ရှိ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးခန်းတွင် တွေ့ဆုံခဲ့ပြီး လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေး
ဆောင်ရွက်ရန် ရှေ့လုပ်ငန်းစဉ်အတွက် သဘောတူညီမှုရခဲ့ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သော အရှေ့အလယ်ပိုင်း တပ်ပေါင်းစုကိုယ်စားလှယ်  ဦးစိုင်းထွန်းအေးက မဇ္ဈိမကို ပြောသည်။         

ထိုတွေ့ဆုံမှုတွင် ABSDFမှ ဥက္ကဋ္ဌ ကိုသံခဲအပါဝင် ၉ ဦးနှင့် UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ အပြင် ကချင်၊ ကရင်၊ ဇိုမီး ပါတီများမှလည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။

ABSDF အဖွဲ့သည် ယမန်နေ့ နံနက်တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင် NLD ပါတီနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက်တွင် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်လေ့လာမည် ဖြစ်သည်။

မဇ္ဈိမ

No comments:

Post a Comment