Pages

Tuesday, December 25, 2012

ကမ္ဘာ့ခြေထောက် အများဆုံး သတ္တဝါ

ဒီဇင်ဘာလ ၂၅

Photo: ကမ္ဘာ့ခြေထောက် အများဆုံး သတ္တဝါ
Tuesday, December 25, 2012 

မြန်မာခေါ် ကင်းနားသန် (ပိုးနားသန်) အမျိုးနွဲထဲက အသစ်ထပ်ခွဲထွက်တဲ့ Illacme plenipes အမည်ရ ကင်းမျိုး ဖြစ်ပါတယ်။ အမေရိကန်မှာ တွေ့ရှိ ထားတာ ဖြစ်ပါတယ်။ ခြေထောက် ပေါင်း အချောင်း ၇၅၀ ပါဝင်တဲ့အတွက် ကမ္ဘာ့ ခြေထောက်အများဆုံး သက်ရှိ သတ္တဝါအဖြစ် စံချိန်တင်ထားပါတယ်။

တည်နေရာအတိအကျ ကတော့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း ဆီလီကွန်တောင်ကြားမှာ ဖြစ် ပါတယ်။ ၁၉၂၈ ခုနှစ်က တစ်ကြိမ်တွေ့ရှိခဲ့ပေမယ့် ကြားမှာ ပြန်လည်
 တွေ့ရှိမှု လုံးဝ မရှိတော့ပါဘူး။ သက္ကရာဇ် ၂၀၀၅ ခုနှစ် ရောက် မှ နောက်ထပ် ပြန်လည်တွေ့ရှိပြီး သေချာ မှတ်တမ်းတင် စာရင်းပြု စုနိုင်ခဲ့ပါ တယ်။

အရွယ်အစားကတော့ ၁.၂ လက်မ ဝန်းကျင်အထိပဲ ရှိပါတယ်။ အမက ခြေထောက်ပိုများပြီးဒ၇၅၀ ဝန်းကျင်အထိကို ရှိပါတယ်။ အထီး ကတော့ ခြေထောက် အချောင်း ၅၅၀ ထက်မနည်းသာ ရှိပါတယ်။ တွေ့ရှိဖူး သမျှ ခြေထောက်အများဆုံး သက်ရှိတောင်မှာ အချောင်း ၁၀၀ ဝန်းကျင်ပဲရှိ တာမို့ Illacme plenipes က စံချိန်ချိုးနိုင်ခဲ့ပါတယ်။

ခြေထောက်အားလုံး အသက်ရှိပြီး လမ်းလျှောက်ဖို့၊ အပင်ပေါ်တက်ဖို့၊ သွားလာလှုပ်ရှားဖို့ အတွက် အားလုံးကို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Illacme plenipes ကို ကမ္ဘာ့ ခြေထောက်အများဆုံး သက်ရှိ သတ္တ၀ါ အဖြစ် စံချိန်တင် အသိအမှတ်ပြုလိုက်ကြောင်း သိရပါတယ်။
-----
Ref: NGC
International news for myanmar

No comments:

Post a Comment