Pages

Friday, December 14, 2012

ကျိုင်းတုံမြို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ဒုတိယည ဆက်လက်ကျင်းပ

ဒီဇင်ဘာ(၁၄)


ရှမ်းနှစ်(၂၁၀၇) ခု ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဒီဇင်ဘာ (၁၂) ရက်နေ့မှ (၁၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။ ဒုတိယညအနေနဲ့ ညနေ(၆)နာရီလောက်မှစတင်ပြီးပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌဦးစိုင်းရွက်မှ  နှုတ်ခွန်း ဆက် အမှာစကားပြောကြားခဲ့ပါတယ်။
ရှမ်းနှစ်သစ်ကူးပွဲတော်ကို လာရောက်ဖျော်ဖြေပေးတဲ့အဖွဲ့တွေကတော့ ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေး မှုအဖွဲ့၊ ခန္တီးရှမ်းစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့၊ ချင်းမိုင်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လွယ်ယဉ်ကျေးမှုအဖွဲ့၊ လွယ်ဆိုင်းလျန်း အမျိုးသားကျောင်းမှ ကျောင်းသူများ၊ ကျိုင်းတုံရှမ်း ယဉ်ကျေးမှုအဖွဲ့၊ နမ့်ခမ်းစာပေ ယဉ်ကျေးမှုအဖွဲ့၊ ဂုံရှမ်းအဖွဲ့၊ ကျိုင်းလန်းရှမ်းပျိုမေများအဖွဲ့၊ လားဟူယဉ်ကျေးမှုအဖွဲ့တွေပဲ ဖြစ်ပါတယ်။
(၁၃)ရက်နေ့ည  ရှမ်းနှစ်သစ်ကူးပွဲတော်ကို ည(၁၂)နာရီအထိ စည်းကားစွာကျင်းပခဲ့ပြီး မီးရှူး/မီးပန်းများ ပစ်ဖောက်ကာ မီးပုံးပျံတစ်လုံး လွှတ်တင်ခဲ့ကြောင်းလည်း သိရပါတယ်။

ကျိုင်းလန်းရှမ်းပျိုမေများအဖွဲ့၏ အိုးစည်ဝိုင်းအက
 
လွယ်ယဉ်ကျေးမှုအဖွဲ့၏ ကောက်သစ်စားပွဲအက
ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ တိုးနယားအက
ဂုံရှမ်းအဖွဲ့၏ ဂုံရိုးရာမင်္ဂလာစည်တော်အက
လားဟူယဉ်ကျေးမှုအဖွဲ့၏ လားဟူတိုင်းရင်းသားရိုးရာအက
ကျိုင်းတုံရှမ်းယဉ်ကျေးမှုအဖွဲ့၏ ဓါးသိုင်းအက
 နမ့်ခမ်းစာပေယဉ်ကျေးမှုအဖွဲ့၏ ထုန်မောင်ရိုးရာသီချင်း
ခန္တီးရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ ခန္တီးရှမ်းအိုးစည်အက

ဖျော်ဖြေရေးအဖွဲ့များအားလုံးမှ ရှမ်းနှစ်သစ်ကူးသီချင်းသီဆိုနေပုံ

ရှမ်းနှစ်သစ်ကူးပွဲတော်တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသားများ

မီးရှူး/မီးပန်းများ ပစ်ဖောက်နေပုံ
မီးရှူး/မီးပန်းများ ပစ်ဖောက်နေပုံ 
 တိုင်းမှူးနှင့်ဇနီးမှ ခန္တီးရှမ်းအိုးစည်အကအဖွဲ့အား ဆုပေးနေပုံ

No comments:

Post a Comment