Pages

Friday, December 14, 2012

ကွန်ဟိန်းမြို့နယ်တွင် ဘုရားဆင်းတုတော်များခိုးလာသူအား ဖမ်းဆီးရမိ



ဒီဇင်ဘာ(၁၄)

 ရွှေတိဂုံစေတီတော်မှ ကြေးအစစ်နှင့်သွန်းလိုက်ထားသော ပြဒါးရှင်ဘုရား
 
ရှမ်းပြည်နယ် ကွန်ဟိန်းမြို့အနီး တာကော်တံတားတွင် ကြေးဘုရားဆင်းတုတော်များ ခိုးယူလာ သူအား ဒီဇင်ဘာလ(၁၃)ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေ တဲ့ ရဲတပ်ဖွဲ့များ မှ ယာဉ်မောင်းအောင်ဆန်းဦး မောင်းနှင်လာတဲ့ (Subo Wave -125) လိုင်စင် မဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ ရာမှ ကြေးဘုရားဆင်းတုတော်များ တွေ့ရှိခဲ့ခြင်းဖြစ်တယ်။ ဆင်းတုတော်တွေ အကုန်လုံး(၅)ဆူရှိပြီး ၁၅ လက်မ အရွယ်ဆင်းတုတော်(၂)ဆူနဲ့ ၁၂ လက်မ ဆင်းတုတော်(၃)ဆူ ဖြစ်ပါတယ်။ ဆင်းတုတော်တွေဟာ ရှေးဟောင်းလက်ရာများ ဖြစ်ပြီးတော့ ဦးခေါင်းမှာ အချွန်ပါရှိပြီး ပလ္လင်ပါတွဲလျက်ပါရှိတယ်လို့ သိရပါတယ်။

တရားခံ အောင်ဆန်းဦးထံမှ အစိမ်းရောင်ခါးပတ်အတွင်း ထည့်ထားတဲ့ ငွေ ၆၂၃၀၀၀ ကျပ်နဲ့ CDMA-450MHzဖုန်းတစ်လုံးတို့ကိုပါရဲတပ်ဖွဲ့မှသိမ်းဆည်းခဲ့ပါတယ်။တရားခံကိုတာလိရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၇၉/၅၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတစ်ဦးမှ ပြောပြသွားပါတယ်။

No comments:

Post a Comment