Pages

Monday, December 31, 2012

ပုသိမ်-ချောင်းသာ မှန်လုံအမြန်ယာဉ် ချောင်းထဲကျ၊ ၁ ဦးသေ၊ ၁၄ ဦး ပုသိမ်ဆေးရုံရောက်"

ဒီဇင်ဘာ(၃၁)

 
ပုသိမ်-ချောင်းသာ လမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင် 
ပုသိမ်မှ ချောင်းသာသို့သွားသော မှန်လုံအမြန်ယာဉ်တစ်စီးသည် ယနေ့ နေ့လည်ပိုင်းက ပုသိမ်-ချောင်းသာ လမ်းပေါ်ရှိ ၀ါးပိုးကျေးရွာတံတားအရောက်တွင် တံတားပေါင်ကိုဝင်တိုက်မိရာမှ တံတားအောက် ချောင်း ထဲသို့ ထိုးကျခဲ့ကြောင်းသိရသည်။
ယင်းဖြစ်ရ ပ်ကြောင်း တစ်ဦးသေဆုံးက ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
"ဒဏ်ရာရတဲ့ ၁၄ဦးကို ပုသိမ်ဆေးရုံခေါ်လာတယ်။ တစ်ယောက်ကတော့ ကားအောက်မှာ ပိနေတာ ပြမ်မဖေါ် ရသေးဘူး။ သေနေပါပြီ။ ကားက ပုသိမ်ကနေ မွန်းလွဲ ၂ နာရီကထွက်သွားတာ။ ခရီးသည် တင်ကား ဆိုပေမယ့် ဆန်အိတ်တွေလဲတင်ထားတယ်။ ခရီးသည် ၄၀ ပါသွားတယ်။ ပွန်းပဲ့ ဒဏ် ရာရ သူတွေလဲရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို ကျွန်တော်တို့အသင်းက ကားနဲ့ သွားတင်ပြီး ပုသိမ်ဆေးရုံကို ပို့ထား တယ်"ဟု ပုသိမ် မေတ္တာရိပ်ကျန်းမာရေးစောင့်ရှောက်မှု အသင်းနှင့် ကရုဏာ လူမှု ကူညီရေး အသင်းမှ အဖွဲ့ဝင် ဦးဖိုးဇော်မြင့်ကပြောသည်။
 
Popular Myanmar

No comments:

Post a Comment