Pages

Wednesday, December 5, 2012

လက်ပန်းတောင်း တောင် အကြမ်းဖက် နှိမ်နှင်းမှု နှင့်ပတ်သတ် ပြီး ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့ သဘောထားထုတ်ပြန်

ဒီဇင်ဘာ(၅)

လက်ပန်းတောင်း တောင် အကြမ်းဖက်နှိမ်နှင်းမှု နှင့်ပတ်သတ် ပြီး ရှမ်းပြည်နယ် တောင်ကြီး မြို့မှာ ရှိတဲ့ အရပ်ဖက်လူ့မှုအဖွဲ့အစည်း တခုဖြစ်တဲ့ ရှမ်းပြည် မျိုးဆက် အင်အား စုက ယင်းတို့ ၏သဘောထား ရပ်တည်ချက် ကို ဒီဇင်ဘာ ၄ရက်ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့် ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူများအား မီးလောင် ဒဏ်ရာရစေသည်အထိ လိုအပ်သည် ထက် ပိုမို အင်အားသုံး အကြမ်း ဖက် ဖြိုခွဲမှု အတွက် ရှမ်းပြည်မျိုးဆက် အင်အားစု က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ယင်းကိစ္စ နှင့် ပတ်သတ်ပြီး တာဝန်ရှိ သူတို့အား နိုင်ငံတော် အနေဖြင့် ဖော်ထုတ် အရေးယူပေးရန် ၊အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိုအောင်မြင်စွာ
အကောင် အထည်ဖော် နိုင်ရန်အတွက် ကြေးနီ စီမံ ကိန်းအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ရာတွင် မတရား ဖမ်းဆီး ခံနေရသော သံဃာတော်များ၊လူပုဂ္ဂိုလ်များအား အလျင် အမြန် ပြန်လည် လွတ်ပေးရန် တောင်းဆိုပေးကြောင်းအစရှိသည့် အချက်တွေ ပါရှိပါသည်။

ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့သည် တောင်ကြီးမြို့ မှာရှိတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၈၈ဖြတ်သန်း ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနှင့် နိုင်ငံရေး တက်ကြွ အင်အားစုတွေစုပေါင်းဖွဲ့စည်းထားတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းဖြစ်ကြောာင်း ရှမ်းပြည်မျိုးဆက်အင်းအားစု အဖွဲ့က ကိုညီမိုးကပြောသည်။
 
 
Yangon Media Group

No comments:

Post a Comment