Pages

Monday, December 31, 2012

ဟင်းခတ် အမွှေး အကြိုင်များ၏ ကျန်းမာရေး အစွမ်းများ

ဒီဇင်ဘာလ ၃၁

ဟင်းခတ် အမွှေး အကြိုင်များ၏ ကျန်းမာရေး အစွမ်းများ
နနွင်း
နနွင်းမှာ ဘက်တီးရီးယားကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိနဲ့ ဓာတ်တိုးဆန့်ကျင့်နိုင်တဲ့ အစွမ်းသတ္တိတွေ ပါရှိပါတယ်။ အဆစ် ရောင်ရမ်းမှု ကိုလည်း ပိတ်ပင်နိုင်တဲ့ အတွက် အဆစ်ရောင် ရောဂါ ရှိသူတွေ အတွက် အသုံး ဝင်ပါတယ်။
ကြက်သွန်ဖြူ
မဂ္ဂနီးစ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် C များစွာ ပါဝင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အနံ့ ထွက်စေတဲ့ allicin ဒြပ်ပေါင်းဟာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ အပါအဝင် ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်း သတ္တိပါရှိသည်။ အအေးမိရောဂါနဲ့ တုပ်ကွေး ရောဂါရှိသူတွေ စားသင့် ပါတယ်။
ပူဒီနာ
ဗီတာမင် A နဲ့ ဗီတာမင် C တွေများစွာ ပါဝင်ပြီး ဓာတ်တိုး ဆန့်ကျင့် ပစ္စည်းအဖြစ် ကင်ဆာကို တွန်းလှန် နိုင်တဲ့ ပစ္စည်းအဖြစ် အသုံး ဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ကယ်လ်စီယမ် တွေလည်း များစွာ ပါဝင်ပါတယ်။
နံနံပင်
နံနံပင်မှာ ဗီတာမင် A, B, C နဲ့ သံဓာတ်၊ ကယ်လ်စီယမ် ဓာတ်တွေ အပြင် ဓာတ်တိုး ဆန့်ကျင် စွမ်းအားတွေ အတွက် Phytochemicals တွေ များစွာ ပါဝင်ပါတယ်။ ဝမ်းဗိုက် မကောင်းသူများ အတွက် အထူး ကောင်းမွန် ပါတယ်။
ကြက်သွန်မြိတ်
နံနံပင်နဲ့ အာဟာရပါဝင်မှု တူညီတဲ့အပြင် ကျန်းမာရေး အစွမ်း သတ္တိလည်း တူညီပါတယ်။ ကြက်သွန်နီ မိသားစုဝင် ဖြစ်တဲ့ အတွက် မှိုပိုးကို တွန်းလှန်နိုင်တဲ့ ဆာလဖာ ဒြပ်ပေါင်းတွေ ပါဝင် ပါတယ်။
Ref: Good Health

No comments:

Post a Comment