Pages

Tuesday, December 4, 2012

နပိုလီယံ၏ လျှို့ဝှက်စာ အမေရိကန် ဒေါ်လာ ၂၄၃၅ဝဝ ဖြင့် လေလံတင် ရောင်းချ

ဒီဇင်ဘာ(၄)



လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ ခန့်က ရုရှားနိုင်ငံ ကရင်မလင် နန်းတော်ကို ဖျက်ဆီးမည်ဟု ရေးသားခဲ့သော ကမ္ဘာကျော် စစ်သူကြီး နပိုလီယံ ဘိုနာပတ်၏ လျှို့ဝှက်စာအား အမေရိကန် ဒေါ်လာ ၂၄၃၅ဝဝ ဖြင့် ဒီဇင်ဘာ ၂ ရက်က လေလံတင် ရောင်းချ ခဲ့ကြောင်း သိရသည်။
အဆိုပါ လျှို့ဝှက်စာ၏ လေလံဈေးမှာ မူလ ခန့်မှန်း ထားသည်ထက် ၁ဝ ဆ မြင့်တက် ခဲ့သည်ဟု သိရသည်။
၎င်းလျှို့ဝှက် စာအား ယခင်က အမေရိကန် ဒေါ်လာ ၁၉၅ဝဝ ဖြင့် ရောင်းချနိုင်ရန် မျှော်မှန်းထား ခဲ့ကြောင်း ပဲရစ်မြို့ တောင်ပိုင်းရှိ Fontain လေလံတင် ကုမ္ပဏီက ပြောကြား ထားသည်။
နပိုလီယံ သည် ၁၈၁၂ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က အဆိုပါ လျှို့ဝှက်စာကို ၎င်း၏ ပြည်ပ ဆက်ဆံရေး ဝန်ကြီး ဟူးဂတ်ဘားနတ် မာရတ်ထံသို့ ရေးသားခဲ့သော စာဖြစ်သည်။ ၎င်း လျှို့ဝှက်စာသည် စာလုံးရေ ၁၈ဝ ပါဝင်ပြီး ကျောကပ် နှစ်မျက်နှာ ပါရှိသော လက်ရေးစာမူ ဖြစ်သည်။ စာထဲတွင် နပိုလီယံ က ရာသီဥတု ဆိုးရွားနေသည့် အတွက် ၎င်းနှင့်အတူ ရုရှားသို့ လာရောက် တိုက်ခိုက် လျက်ရှိသော အဖွဲ့ဝင်များ အားလုံး ရာသီဥတု ဆိုးရွားသည့် ဒဏ်ကို ခံစား နေရပြီး စားစရာ၊ သောက်စရာ ရိက္ခာများ ပြတ်လပ်နေသည့် အတွက် ပေးပို့ ပေးရန်နှင့်  မြင်းများ ထပ်မံ ပေးပို့ ပေးရန် တောင်းဆိုထားသော စာသားများ ပါဝင်သည်ဟု သိရသည်။
 
မြ၀တီ

No comments:

Post a Comment