Pages

Monday, December 31, 2012

ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြုလုပ်သွားမည်

ဒီဇင်ဘာလ ၃၁


ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုး တက်ရေးနှင့်ဆိပ်ကမ်းသာယာလှပရေးအတွက် (Conceptual Plan) ရေးဆွဲနိုင်ရေး
ကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်သတင်းစာ ရှင်းလင်းပွဲမှသိရှိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဥာဏ်ထွန်းအောင်မှ ““ရန်ကုန် မြို့ဆိုတာက မြန်မာနိုင်ငံ
ရဲ့နှလုံး သည်းပွတ်ဖြစ်ပါတယ်။ဒီမြို့ကြီး  တိုးတက်ဖို့နဲ့စည်ပင်သာယာဝပြော  ဖို့ဆိုတာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံသားတွေရဲ့တာဝန်ဖြစ် ပါတယ်။နေပြည်တော်မှာ စင်ကာ ပူကပညာရှင်အဖွဲ့တစ်ဖွဲ့လာပြီး  ဆွေးနွေး
ပါတယ်။ နောက်တစ်ခါ   ဘယ်လ်ဂျီယံတို့ဘာတို့ ကလည်း     လာဆွေးနွေးကြတယ်။ သူတို့က  ဘာကိုဆိုလဲ
ဆိုတော့ ရန်ကုန်မြို့   တော်ကြီးဟာ မြန်မာနိုင်ငံရဲ့အဓိကဖြစ်တယ်။ဒီမြို့ကြီးကိုသာယာ တိုးတက်ဖို့ဆိုရင်သူတို့
က မြစ် ကမ်းနဖူးကနေရာတွေကို ကုန်တင်  ကုန်ချတစ်ခုတည်းမစဉ်းစားနဲ့။
ဒီဟာက နိုင်ငံတစ်နိုင်ငံအတွက် မြို့ တစ်မြို့အတွက် တန်ဖိုးအရှိဆုံး နေရာ။နိုင်ငံသူ/သားတွေဟာ မြို့တစ်မြို့ရဲ
့ ဒီနေရာရောက်ရင် စိတ် ချမ်းသာမှုအလိုအလျောက်ရတယ်။ ဒါကို စဉ်းစားပါလို့ ပညာရှင်တွေက အကြံပေး
တယ်။မြန်မာတစ် နိုင်ငံလုံးရဲ့နှလုံးသည်းခြေမြို့တော် ကြီးရဲ့အလှအပကို အထောက်အကူဖြစ်အောင်လုပ်
မယ်။ Master Plan နဲ့လည်းလိုက်လျောညီ  ထွေဖြစ်အောင်အစိုးရအဖွဲ့ကနေ ပြီး ၀ိုင်းဝန်းဆွေးနွေးပေးဖို့၊ပညာ
 ရှင်အနေနဲ့ကလည်း ကျွန်တော် တို့ လုပ်မယ့်ဟာ မှားတယ်ဆိုရင်   လည်းထောက်ပြပါ။ပြင်ပါ့မယ်။  ဒါဟာ
 မြန်မာနိုင်ငံကြီးရဲ့တိုးတက် ရေး၊ရန်ကုန်မြို့တော်ကြီးစည်ပင်   သာယာဝပြောရေးအတွက် ၀ိုင်း လုပ်နေကြ
တာဖြစ်ပါတယ်။ကျွန်တော်တို့ပို့ဆောင်ရေးဝန်ကြီး  ဌာနဖြင့်လည်း မြို့တော်စည်ပင် သာယာရေးအတွက်
 လေဆိပ်တွေ၊  ဆိပ်ကမ်းတွေမှာ ကျွန်တော်တို့  ဘက်ကလည်းပူးပေါင်းဆောင်ရွက် ဖို့လုပ်ခြင်းဖြစ်ပါတယ်””
ဟု ပြော ကြားခဲ့သည်။
ဆက်၍ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေကဆွေး နွေးတင်ပြရာတွင် ““ယနေ့ဆောင် ရွက်မယ့်လုပ်ငန်း (၄)ခုက လုပ် သင့်တဲ့ဟာဖြစ်ပါတယ်။ ဗိုလ် တထောင်ဆိပ်ကမ်းမှာရှိတဲ့ကမ်း ပါးထိန်း ရေထိန်းတံတား၊ဒါတွေ ကိုလုပ်ဆောင်ဖို့ဆိုတာ ပွင့်လင်း မြင်သာမှုရှိစွာလုပ်ရမှာပါ။ဒါက  ရန်ကုန်တိုင်းဒေသကြီးရဲ့တစ်ခု တည်းသော International  Port ပါ။ ဒါက အများကြီးအထောက်  အကူပြုပြီး နိုင်ငံတကာ အဆင့်  မီဖြစ်လာမယ့်လုပ်ငန်းဖြစ်တဲ့ အတွက် ကြိုဆိုပါတယ်။ ပွင့်လင်း မြင်သာစွာနဲ့ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။ကျွန်တော် တို့ကူညီတဲ့အပိုင်းက အတတ်နိုင် ဆုံး ကူညီဆောင်ရွက်ပေးပါ့မယ်။  အဆောက်အအုံဆောက်လုပ်ဖို့ အတွက်ခွင့်ပြုချက်ကတော့ မြို့ တော်စည်ပင်သာယာအပိုင်းက စစ်ဆေးပြီးသူတို့ခွင့်ပြုနိုင်တဲ့ အပိုင်းမှာ အားလုံးခွင့်ပြုသွားမှာ   ဖြစ်ပါတယ်။ အထပ်မြင့်နဲ့ပတ် သက်ပြီး သမ္မတကြီးက မြေငလျင်  ဒဏ်ထည့်စဉ်းစားဖို့ပြောပါတယ်။   ဘယ်အဆောက်အအုံပဲဆောက် ဆောက်မြေငလျင်ဒဏ်ကို စဉ်း စားပါဆိုပြီး လမ်းညွှန်ထားတာရှိ ပါတယ်””ဟု ပြောသည်။
hot news

No comments:

Post a Comment