Pages

Wednesday, December 26, 2012

မန္တလေးမြို့တွင် တိုင်းလိုင်(ရှမ်းနီ)ပါတီညီလာခံပြုလုပ်

ဒီဇင်ဘာ(၂၆)




ဒီဇင်ဘာလ ၂၃ရက်နေ့က မန္တလေးမြို့တွင် တိုင်းလိုင်(ရှမ်းနီ)လူမျိုးများက ညီလာခံ တစ်ခုပြုလုပ်ခဲ့ ပါသည်။ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်တွင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးရေး ပါတီ     ( TNDP ) ရုံးမှာ ပါတီညီလာခံအခမ်းအနားပြုလုပ်ခဲ့တာဖြစ်ပြီး လူ (၆၀) ကျော် တက်ရောက် ခဲ့ကြ ပါသည်။ ညီလာခံကို ပြည်တွင်းပြည်ပမှ သတင်းထောက်များနှင့် ဂျာနယ်လစ်များပါ တက်ရောက် ခဲ့ကြပြီး ညီလာခံအခမ်းအနားကို ပါတီဗဟိုဥက္ကဌ ဦးဌေးအောင်က အဖွင့်စကားပြောကြားကာ တက်ရောက် လာ သူများမှ တစ်ဦးချင်းစီမိတ်ဆက်ပြီးဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးမှုတွင် ဒီဇင်ဘာ(၂၃)ရက်နေ့သည် ရှမ်းနီလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ နေရာဒေသ အသီးသီးတွင်ရှိသော ရှမ်းနီလူမျိုးများအတွက်အခုလို ညီလာခံပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ၂၀၁၄ သန်းခေါင် စာရင်းကောက်ယူရာတွင် ရှမ်းနီလူမျိုးများ ပါဝင်အောင်ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့နောက် ရှမ်းနီလူမျိုးများ ၏ဓလေ့၊ ယဉ်ကျေးမှုများပျေက်ဆုံးနေမှုနဲ့ တိုင်းရင်းသားများကို အခွင့် အရေးပေး ရာတွင် ရှမ်းလူမျိုးကိုသာ အခွင့်အရေး ပေးပြီး ရှမ်းနီလူမျိုးများမှာ အခွင့်အရေး မရရှိသည့် အတွက် ရရှိအောင်တောင်းဆိုရမှာဖြစ်ပါသည်။ ရှမ်းနီတို့သည် စစ်ကိုင်းတိုင်းတွင် အများဆုံးနေထိုင် ကြပြီး မြန်မာနိုင်ငံတွင် ရှမ်းနီ ၂သန်းကျော်ရှိပြီး တချို့ရှမ်းနီလူမျိုးများသည် မိမိတို့ဘာသာစကားကိုပင် မတက်မြောက်ဘဲ ဖြစ်နေရပါသည်။အဲဒီအတွက် ကြောင့် ကိုယ့်လူမျိုးကြီးပွားတိုးတက်အောင်၊ အခွင့် အရေးတွေ တန်းတူညီမျှရအောင်လုပ်ဆောင်ရမှာဖြစ်ပါသည်။

ရှမ်းနီများနေထိုင်ကြသော နေရာအနှံ့အပြားတွင် စစ်မက်ဖြစ်ပွားနေကြောင်း၊ ကေအိုင်အေတပ်နဲ့ အစိုး ရစစ်တပ်တွေကြား တိုက်ပွဲများဖြစ်ပွားနေပြီး ရှမ်းနီများကကြားညှပ်နေရကြောင်း၊ ကေအိုင်အေတွေက ကချင်ပြည်နယ်ကောင်းစားရေး အကြောင်းပြပြီး ရှမ်းနီတွေကို တပ်သားသစ်စုဆောင်းကာဖမ်းခေါ် နေ ကြကြောင်း၊ မိမိတို့လူမျိုးတွေက စုစုစည်းစည်း မရှိလို့ အခုလို ကေအိုင်အေတွေရဲ့ အနိုင်ကျင့်တာခံနေ ရကြောင်း၊ စာပေယဉ်ကျေးမှုတွေကို ပြန်လည်ဖော်ဆောင် သွားရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ရှမ်းနီလူမျိုးများ စည်းလုံးညွှတ်မှုရှိရေး၊ အခွင့်အရေးများရရှိရေး၊ ရှမ်းနီစာပေယဉ်ကျေးမှု များ ပြန်လည် ပေါ်ပေါက်ရေး၊ ရှမ်းနီအမျိုးသားရေးနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အရင်က ဗဟိုအမှုဆောင် ရဲ့ဆုံးဖြတ်ချက်နဲ့ဘဲ ဥက္ကဌကိုရွေးချယ်ခဲ့ပေမယ့် ယခုညီလာခံမှာတော့ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ မဲပေးပြီး ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေး၊ စာရင်းစစ်နဲ့ မြို့နယ်အလုပ်အမှုဆောင်တို့ကိုရွေးချယ်ခဲ့ကြပါသည်။

ရှမ်းနီပါတီ၏ လုပ်ငန်းဆောင်ရွက်မှုများနဲ့ ငွေစာရင်းရှင်းလင်းမှုများ နောက်လုပ်ဆောင်ရမည့် ကိစ္စ ရပ်များကိုတိုင်ပင်ပြီး မေလ (၁၀) ရက်ကို ရှမ်းနီပါတီရဲ့ မွေးနေ့အဖြစ်သတ်မှတ်ခဲ့ကြပါသည်။ ၄င်း ညီလာခံတွင် အလုပ်အမှုဆောင် ၂၀ ဦးကို ရွေးချယ်ပြီးခဲ့ပြီး ညီလာခံကိုညနေ ၅နာရီမှာ ရုပ်သိမ်း ခဲ့ကြောင်း ညီလာခံ တက်ရောက်ခဲ့သည့် ဂျာနယ်သတင်းထောက်တစ်ဦးက ပြောပြခဲ့ပါသည်။

No comments:

Post a Comment