ဒီဇင်ဘာလ ၂၈

အီဂျစ်သမ္မတဟောင်း ဟော့စ်နီမူဘာရတ်ရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်ဒဏ်ရာတွေ ကို စစ်တပ်ပိုင်ဆေးရုံမှာ
ပြောင်းရွှေ့ကုသဖို့ နိုင်ငံတော်တရားသူကြီးချုပ်က ခွင့်ပြုမိန့် ပေးလိုက်ပါတယ်။
ကိုင်ရိုအကျဉ်းထောင်မှာ ထောင်ဒဏ်တသက် အကျခံနေရတဲ့ အသက်၈၄နှစ်ရှိသူအဖြုတ်ချခံသမ္မတ
ဟောင်းမူဘာရတ်ဟာ ဒီလအတွင်း အကျဉ်းထောင် ရေချိုးခန်းထဲ ချော်လဲရာက ဦးခေါင်းနဲ့ ရင်ဘတ်မှာ ဒဏ်
ရာတွေ ရရှိခဲ့တာပါ။
ဟော့စ်နီမူဘာရတ်ဟာ အီဂျစ်နိုင်ငံကို နှစ်သုံးဆယ်လောက်အာဏာသုံးအုပ်ချုပ်ခဲ့ပြီး၂၀၁၁ ဖေဖေါ်ဝါရီလမှာ သမ္မတရာထူးက နှုတ်ထွက်ပေးခဲ့ရ ပါတယ်။
Burma-Newselite
No comments:
Post a Comment