Pages

Friday, December 7, 2012

ဂင်းနစ် မှတ်တမ်းတင် ကမ္ဘာ့ အရပ် အရှည်ဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ခဲ့သည့် တရုတ် အမျိုးသမီး ကွယ်လွန်

ဒီဇင်ဘာ(၇)

ဂင်းနစ် မှတ်တမ်းတင် ကမ္ဘာ့ အရပ် အရှည်ဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ခဲ့သည့် တရုတ် အမျိုးသမီး ကွယ်လွန်


၂ဝ၁ဝ ပြည့်နှစ်က ဂင်းနစ် မှတ်တမ်းတင် ကမ္ဘာ့ အရပ် အရှည်ဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ခဲ့သည့် တရုတ် နိုင်ငံ အရှေ့ပိုင်း အန်းဟွီ ပြည်နယ်မှ ယောင်တေဖန် အမည်ရှိ အမျိုးသမီး သည် နိုဝင်ဘာ ၁၃ ရက် တွင် ကွယ်လွန် သွားခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဒီဇင်ဘာ ၅ ရက်က ဖော်ပြ ထားသည်။

ယောင်သည် ကမ္ဘာပေါ်တွင် အရပ် အရှည်ဆုံး အမျိုးသမီး အဖြစ် ၂ဝ၁ဝ ပြည့်နှစ်က ဂင်းနစ် မှတ်တမ်း၌ စံချိန်တင် ခဲ့ပြီး ဦးနှောက်တွင်းရှိ ခန္ဓာကိုယ် ကြီးထွား ဖြစ်ထွန်းမှုကို အကျိုးပြုသည့် ဟော်မုန်းဓာတ် ထုတ်ပေး သော အကျိတ် ရောဂါဖြင့် အသက် ၄ဝ  အရွယ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ အရပ် အရှည်ဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ခဲ့စဉ်က သူမ၏ အရပ် အမြင့်မှာ ၂ ဒသမ ၃၃ မီတာ (၇ ပေ ၈ လက်မ) ရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် သူမ၏ အရပ် အမြင့်မှာ ၂ ဒသမ ၃၆ မီတာ ရှိကြောင်း သိရသည်။
 
မြ၀တီ

No comments:

Post a Comment