Pages

Wednesday, December 12, 2012

ရှမ်းလူမျိုးများနှင့်ဝတပ်ဖွဲ့များအကြား အမုန်းတရားများတိုးပွားနေ

ဒီဇင်ဘာ(၁၂)

 ယခင်နှစ်မှ ရှမ်းနှစ်သစ်ကူး ပွဲတော်ပုံ



"၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရှမ်းနှစ်သစ်ကြိုဆိုပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ ရှမ်းလူမျိုးတွေရဲ့ ၂၁၀၇ ခုနှစ် ဆန်း ဖြစ်ပါတယ်။ "၀" တပ်ဖွဲ့တွေအနေနဲ့ ပန်ဆန်းဌာနချုပ်မှာ ရှမ်းနှစ်သစ် ကြိုဆိုပွဲရက်မှာ ကျင်းပတာ ဖြစ်ပေမယ့် ရှမ်းလူမျိုးတွေ ဖြစ်စေချင်တဲ့ ``ရှမ်းနှစ်သစ်အား ကြိုဆိုပါ၏``ဆိုတဲ့ ဆိုင်းဘုတ်တပ်ခွင့် မရခဲ့ ပါဘူး။

"၀"တွေအနေနဲ့ ယခုပွဲတော်ကို ကောင်းမှုလုံပွဲတော်လို့ပဲ နာမည်တပ်ခိုင်းတဲ့အတွက် ရှမ်းလူမျိုး အများစု အနေနဲ့ မကျေမနပ် ဖြစ်နေကြပါတယ်။ ပန်ဆန်းဟာ "၀"တပ်တွေရဲ့ ဌာနချုပ်လို့ ဆိုပေ မယ့် ရှမ်းပြည်နယ် ထဲကမြို့တစ်မြို့သာဖြစ်ပါတယ်။

ဒါ့အပြင်ကောင်းဟုန်းရွာ၊ ကောင်းမူးရွာ၊ နားလောက်ရွာ၊ ကျူဟဲ့ရွာ၊ ဟတ်ဇုရွာနဲ့ နမ့်တောင်း စတဲ့ ရှမ်းရွာများဟာ ပန်ဆန်းမြို့နယ်ထဲက ရှမ်းရွာတွေဖြစ်ပါတယ်။ ရှမ်းနှစ်သစ် ကူးပွဲလို့ မသတ်မှတ်တဲ့အတွက် ရှမ်းလူမျိုးတွေအနေနဲ့ ၀လူမျိုးတွေအပေါ်မှာ အမုန်းတရားတွေ တိုးပွား လာနေပါတယ်။   အမှန်တကယ်အားဖြင့် "၀" လူမျိုးတွေဟာ ရှမ်းပြည်နယ်မှာ ကြည့်မယ်ဆိုရင် နိမ့်ကျတဲ့ လူမျိုးတစ်မျိုးလို့ ရှမ်းအများစုသတ်မှတ်ထားခဲ့တာပါ။ "၀"တွေအနေနဲ့ ဗမာသောင်း ကျန်းသူတွေနဲ့ပေါင်းပြီး လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်လိုက်တာရယ်၊ လက်နက်အားကိုးနဲ့ ဘိန်း စိုက်ပျိုး ရောင်းချနေတာရယ် ကြောင့် ရှမ်းပြည်နယ်မှာ "၀"လူမျိုးတွေ ချမ်းချမ်းသာ သာဖြစ်သွားခဲ့ကြတာပါ။
 
ရှမ်းလူမျိုးအများစုအမြင်မှာတော့ UWSA ဆိုတဲ့ "၀"လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ရှမ်းလူမျိုးတွေအပေါ် ကြီးစိုးလွှမ်းမိုးမှုတွေ များလာပြီး ခုလိုမျိုး ရှမ်းနှစ်သစ်ကူး ပွဲတော် ကိုတောင် အသိအမှတ် မပြုချင်တဲ့ အဆင့်မျိုး ရောက်လာနေလို့ စိတ်ထဲမှာ ခံပြင်းနေ ကြပါတယ်။ အခုအခါမှာတော့ "၀"တပ်ဖွဲ့တွေနဲ့ ရှမ်း လူမျိုးတွေရဲ့အကြား အမုန်းတရားတွေ တိုးပွားလာနေတယ်လို့ နယ်စပ်ဒေသကစစ်ရေးလေ့လာသူ ဦး အောင်ကျော်ဇော က ပြောဆို ထား ပါတယ်။

No comments:

Post a Comment