Pages

Tuesday, December 4, 2012

ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ဆောင်ရွက်ရန် ဖိတ်ခေါ်

ဒီဇင်ဘာ(၄)

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၏ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် အတွက် အဆိုပြု လွှာများကို ခေါ်ယူ ထားကြောင်း
သိရသည်။

ခရီးသည်နှင့် ကုန်စည် ပို့ဆောင် ပေးလျက်ရှိသည့် ဌာနခွဲများ အနက် မြစ်ဝ ကျွန်းပေါ် ဌာနခွဲ များနှင့် ဧရာဝတီ ဌာနခွဲ နှစ်ခုတို့၏ လုပ်ငန်းများနှင့် ယင်းဌာနခွဲ များနှင့် ဆက်စပ်လျက် ရှိသော သင်္ဘောကျင်း များကို Management Contract စနစ်ဖြင့် ပူးပေါင်း ဆောင်ရွက် လိုသူ အဖွဲ့အစည်း များကို ဖိတ်ခေါ် ထားပြီး အဆိုပြုလွှာ ပုံစံများကို ပြည်တွင်းရေ ကြောင်း ပို့ဆောင်ရေး ရုံးချုပ်တွင် လာရောက် ဝယ်ယူနိုင်ပြီး လာမည့် ဒီဇင်ဘာ ၆ ရက်တွင် နောက်ဆုံးထားပြီး အပြီး တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးသည် မြစ်တွင်းသွား ရေယာဉ်များဖြင့် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ ဌာန လက်အောက်ရှိ သင်္ဘောကျင်း များမှ ရေယာဉ် ပြင်ဆင်ခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အသေးစိတ် သိရှိ လိုပါက ဖုန်း-ဝ၁-၃၈ဝ၇၅၇ နှင့် ဝ၁-၃၈ဝ၇၅၃ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရသည်။



 Myanmar Express

No comments:

Post a Comment