Pages

Thursday, December 20, 2012

ထိုင်ဝမ်မှ အိမ်သာ စားသောက်ဆိုင်

Photo: ထိုင်ဝမ်မှ အိမ်သာ စားသောက်ဆိုင်
Wednesday, 19 December 2012

Modern Toilet လို့အမည်ပေးထားတဲ့ စားသောက်ဆိုင်လေး ဖြစ်ပြီး တည်နေရာကတော့ (တရုတ်)-ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပါတယ်။

အပြင်အဆင် အခင်းအကျင်းက အစ သန့်စင်ခန်းထဲက ပစ္စည်းတွေချည်း သုံးပါတယ်။ ဥပမာ- ထိုင်ခုံအစား ဘိုထိုင် အိမ်သာခွက်ကို အသုံးပြု ထားပါ တယ်။ ပြီးတော့ ကြေးအိုးတို့ ဟော့ပေါ့တို့ မှာစားမယ်ဆိုရင်လည်း ဘိုထိုင် အိမ်သာပုံစံ ခွက်ငယ်နဲ့ ဧည့်ခံမှာ ဖြစ်ပါတယ်။ ဖျော်ရည်မှာသောက်ရင်လည်း ထည့်ပေးတဲ့ခွက်က အပေါ့သွားခွက်လိုမျိုးတို့၊ မစင်ပုံ ခွက်တို့လိုဟာတွေ နဲ့ ဖြစ်ပါတယ်။ ပြီးတော့ အစားအသောက်တွေကိုလည်း သန့်စင်ခန်းထဲက အလေးအပေါ့ အရောင်တို့နဲ့ အနီးစပ်ဆုံးလုပ်ပါတယ်။ ရေခဲမုန့်တိုလို အစားအသောက်က အစ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ဘာရယ်လို့မဟုတ်ပဲ ထူးခြားတဲ့ အပြင်အဆင်နဲ့ သဘာဝနဲ့ ဆန့်ကျင်တဲ့ အရသာကို ခံစားစေဖို့လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ် ကစလို့ ဖွင့်လှစ်ပြီး အာရှမြို့ ကြီးများမှာ ဖွင့်လှစ်သွားလို့တောင် စီမံကိန်း ဆွဲထားပါတယ်။ ယခု မြင်တွေ့ရတဲ့ စားသောက်ဆိုင်ကတော့ သုံးထပ်မြင့်တဲ့ အဆောက်အအုံဖြစ်ပြီး အကျယ် ၂၆၀ မီတာ စတုရန်း ဧရိယာ ကျယ်ဝန်း ပါတယ်။ ဆိုင်စဖွင့်တဲ့ နေ့ကစလို့ ယနေ့တိုင်လူစည်ကားပြီး လူကြိုက်များတဲ့ စားသောက်ဆိုင်အဖြစ် တည်ရှိလျက်ရှိကြောင်း သိရပါတယ်။
--
International news for myanmar

ဒီဇင်ဘာ ၂၀

No comments:

Post a Comment