ဒီဇင်ဘာလ ၂၇

စင်ကာပူနိုင်ငံ ထိပ်တန်း နာမည်ကျော် ဥပဒေကျောင်းမှ လူကြိုက်များသည့် ပါမောက္ခတစ်ဦးနှင့် အခြား
ကျောင်းဆရာ ၅ ဦးကိုမိမိတို့ကျောင်းသို့လာတက်သည့် ကျောင်းသားများအားမတော်မတရား ဖောက်ပြန်
မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။
စင်ကာပူအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ တေဆန်ဟန်း(၄၁ နှစ်) သည်တန်ဖိုးကြီးမားသည့် MontBlanc
ဖောင်တိန်မျိုး၊ iPod touch ကဲ့သို့သော တန်ဖိုးကြီးသည့် ပစ္စည်းမျိုး၊ ဆိုင်ချုပ်အင်္ကျီများကို အသက် ၂၃ နှစ် အရွယ်ရှိ ကျောင်းသူတစ်ဦးဖြစ်သူ ဒါရင်း ကို ထံမှရယူကာ အဆင့်ကောင်းကောင်းပေးခဲ့ကြောင်းသိရသည်။
သူ့ လာဘ်ပေး လာဘ်ယူမှုကို လာမည့် ဇန်န၀ါရီ ၁၀ ရက်နေ့တွင် တရားရုံး၌ စတင်စစ်ဆေးမည်ဟုဆိုသည်။ ပါမောက္ခကြီးကဲ့သို့ပင် အခြားဆရာမနှစ်ဦးမှာလည်း လိင်ဖောက်ပြန်မှုဖြင့် တရားရုံးတွင် တရားရင်ဆိုင်ရန်
ရှိနေသည်။
ဆရာမတစ်ဦးမှာ ထိပ်တန်းကျောင်းကြီးတစ်ကျောင်းမှဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်
ဦးနှင့်ပြီးခဲ့သည့် အောက်တိုဘာလနိုင်ငံရပ်ခြားသို့ လေ့လာရေးခရီးသွားစဉ်က စခဲ့သည့် ဇာတ်လမ်းတစ်ခု
ဖြစ်သည်။ ထိုဆရာမမှာ အသက် ၃၂ နှစ်ရှိနေပြီဖြစ်ပြီး သူတို့နှစ်ဦးသည် မကြာခဏ ချိန်းတွေ့ကြကြောင်း၊ လူမြင်ကွင်းတွင် တွဲသွား တွဲလာမှုကိုရှောင်ရှားကြကြောင်း၊ ဆရာမ အိမ်တွင်မကြာခဏချိန်းတွေ့ကြပြီးလိင်
ဆက်ဆံခဲ့ကြ ကြောင်း၊ မိဘများက သားဖြစ်သူမူပျက်နေသဖြင့်စောင့်ဖမ်းကာ ကျောင်းသို့တိုင်သဖြင့်ထို
ဆရာမကို ထောင် ၁ နှစ်အပြစ်ပေးခံရကြောင်း သိရသည်။
အခြား အသက် ၃၂ နှစ်အရွယ် ဆရာမတစ်ဦးမှာလည်း အသက် ၁၃ နှစ်အရွယ် တပည့်တစ်ဦးနှင့်တိတ်တ
ဆိတ် လိင်ဖောက်ပြန်နေသည်ကို ကျောင်းလှေကားအဆင်းတွင်မိသဖြင့် လာမည့်လတွင် တရားရုံး၌ အမှု
ရင်ဆိုင်ရန် ရှိနေသည်။
အစမ်းခန့် ဆရာနှစ်ဦးမှာလည်း မိမိတို့ကျောင်းသူနှစ်ဦးအပေါ် အလားတူ လိင်ဖောက်ပြန်မှုများ ကျူးလွန်
နေသဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည်ဖြစ်သည်။ အသက်၂၆ နှစ်အရွယ် အစမ်းခန့် ဆရာသည်
အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို ကျောင်းလှေကားအဆင်းတွင် မဖွယ်မရာ လုပ်နေ
သည်ကို ဖမ်းမိခြင်း နှင့် အခြားဆရာတစ်ဦးဖြစ်သည့် အသက် ၃၀ အရွယ် ခရစ်စတိန်းဆန် ဆိုသူသည် အသက် ၁၃ နှစ်အရွယ်ကျောင်းသူတစ်ဦးနှင့် လိင်ဆက်ဆံမှုအကြိမ်ကြိမ် ကျူးလွန်ခြင်းတို့ကြောင့် ရုံးတော်
တွင် အမှုရင်ဆိုင်ရန်ရှိ နေသည်။
ပီချွန်း ပုဂ္ဂလိကကျောင်းမှ ကျောင်းအုပ်ဖြစ်သူ လီလစ်ဟောင် ဆိုသူမှာလည်း အရွယ်မရောက်သေးသည့်
ပြည့်တန်ဆာမိန်းကလေးတစ်ဦးကို ကာမဆက်ဆံရန် ငွေပေးခဲ့ပြီး ပျော်ပါးစဉ်မိခဲ့သဖြင့်ဧပြီလကတည်း
ကတရားရုံးတွင် အမှုရင်ဆိုင်နေရသည်။
လာမည့် ၂၀၁၃ ခုနှစ်မှစတင်ကာ ပညာရေးဝန်ကြီးအနေဖြင့် အစမ်းခန့်ဆရာများ ခန့်အပ်မှုအတွက် ဥပဒေ
သစ်များထုတ်ပြန်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်းသိရသည်။
မောက္ခ
No comments:
Post a Comment