Pages

Sunday, December 23, 2012

မီးဘေးသင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံ အခြား မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဆက်လက်လှူဒါန်းမှု မဲဆောက်တွင် ပြုလုပ်-

ဒီဇင်ဘာ(၂၃)



ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ ကန်ဘိဘန်းရပ်ကွက်။ အက်စ်ပီတီသိုးမွှေးစက်ရုံ (အရပ်အခေါ်- ပေါင်မုန့်ရုံ)၏ ရှေ့မျက်နှာစာရှိ ပြင်ပ အလုပ်သမားတန်းလျားမီးလောင်မှုနှင့် ပတ်သက်ပြီး မီးဘေးသင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့၏ မိသားစုဝင်များအား စားရေးရိက္ခာနှင့် ငွေကြေးအချို့ လှူဒါန်းမှုများကို ယနေ့ပြုလုပ်ကြသည်။ လှူဒါန်းသူများမှာ စက်ရုံအလုပ်ရုံအချို့နှင့် ကျပန်းအလုပ်သမားအချို့ဖြစ်ကြပြီး။ မီးဘေးသင့်သူများထဲမှ အချို့တဲ့၊ အနွမ်းပါးဆုံး မိသားစုများထံသို့ အစာခြောက်များနှင့် ဘတ်ငွေ (၂၃၀၀)တို့ကို လှူဒါန်းခဲ့ကြသည်။

 (ယူနီအိုးရှင်း စက်ရုံပြင်ပ လုပ်သမားများမှ အ၀တ်အထည်နှင့် ခြုံစောင်များ လှူဒါန်းနေကြစဉ်)
ယနေ့တွင် စီအယ်လ်ဂါးမင့် စက်ရုံ(အရပ်အခေါ်- မှန်ဘောင်ရုံ)မှ စားစရာရိက္ခာခြောက်များနှင့် အ၀တ်အထည်များ လှူဒါန်းခဲ့ကြသည်။ ဤသို့ လှူဒါန်းနိုင်စေရန် ၂၀၀၉ ခုနှစ်မှစပြီး အပတ်စဉ် စနေနေ့တိုင်း အသံလွှင့်နေကြသော မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ မဲဆောက်အခြေစိုက် မက်(ပ်) ရေဒီယိုမှ တဆင့်လှုံ့ဆော် စည်းရုံးပေးခဲ့ခြင်းဖြစ်သည်။ နောက်ရက်များတွင်လည်း စက်ရုံအလုပ်ရုံ (၃) ရုံမှ ဆက်လက်လှူဒါန်းမည်ဖြစ်ကြောင်း JACBA အဖွဲ့ထံ ဆက်သွယ်ထားကြသည်။


လှူဒါန်းလိုသူများသည် အောက်ပါဖုန်းနံပါတ်ဖြင့် ဆက်သွယ်နိုင်ပါသည်။


 ဆရာမိုး (087 849 6545)


(ယူနီအိုးရှင်း စက်ရုံပြင်ပ လုပ်သမားများမှ အ၀တ်အထည်နှင့် ခြုံစောင်များ လှူဒါန်းနေကြစဉ်) 

  (ယူနီအိုးရှင်း စက်ရုံပြင်ပ လုပ်သမားများမှ အ၀တ်အထည်နှင့် ခြုံစောင်များ လှူဒါန်းနေကြစဉ်)
(အက်စ်ပီတီသိုးမွှေးစက်ရုံ ကယ်ဆယ်ရေးစခန်း) 
သတင်းနှင့် ဓာတ်ပုံ- သောင်ရင်းနဂါး

No comments:

Post a Comment