Pages

Monday, December 31, 2012

"တရုတ်နိုင်ငံသားတွေ သစ်ထုတ်လုပ်ဖို့ အင်အား ရာနဲ့ချီ ရောက်ရှိ "

ဒီဇင်ဘာလ  ၃၁

Photo: "တရုတ်နိုင်ငံသားတွေ သစ်ထုတ်လုပ်ဖို့ အင်အား ရာနဲ့ချီ ရောက်ရှိ "

31.12.2012

တရုတ်လူမျိုး အလုပ်သမား ၃၀၀ လောက် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်
အတွင်းမှာ တရားမ၀င်သစ်ခိုးထုတ်ဖို့ ရောက်ရှိနေတယ်လို့ ဒေသခံတွေက အာအက်ဖ်အေကို ပြောပါတယ်။

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ် အတွင်းမှာ သစ်ထုတ်လုပ်ဖို့ စစ်ကြီးတွေနဲ့
ရောက်ရှိနေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ဆင်ဘိုမြို့ခံတစ်ယောက်က RFA ကို ပြောပြပါတယ်။

“ဖိုက်စတားကုမ္ပဏီလို့နာမည်ခံထားတဲ့ တရားမ၀င်သစ်လုပ်ငန်း နဲ့ ဗမာစကားတောင်မတတ်တဲ့ တရုတ်တွေနဲ့ အင်အား ၃၀၀ လောက်နဲ့ ဆင်ဘိုရဲ့တောင်ဘက်မန်ကင်းရွာဘက်မှာ စပြီးလှုပ်ရှားနေတာ အဲဒီ ၃၀၀လောက်က ပြောမယ်ဆို ဗမာအစိုးရကလဲ အဲဒီကို ရောက်ရောက်
ပေါက်ပေါက်မသွားနိုင်ဘူးလေ ကေအိုင်အေ အခြေချထားတဲ့နေရာဆိုတော့ ဆင်ဘိုမြို့တောင်ဘက် မန်ကင်းတော တလျှောက်ပေါ့ ကောက်ကွေ့ဂွင်
ဘက်က လာမဲ့တောတွေရော ဆင်ဘို မြို့နယ်ခွဲအတွင်းက သစ်ပါပဲ နံမည်ကတော့ သစ်ကြမ်းပေါ့ ဒါပေမဲ့ ကျွန်းသစ်တွေရော ဘာတွေရော ထုတ်မှာပေါ့ မြေတူးစက်ကြီးတွေနဲ့ရောက်နေတာ ၅ စီးလောက်ရှိပြီ”

ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီဖိုက်စတားကုမ္ပဏီကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။ အဲဒီကုမ္ပဏီဟာ အခုအခါ သစ်တွေအလွယ်
တကူသယ်ထုတ်နိုင်ဖို့ လမ်းတွေဖေါက်နေသလို တချို့က တောတွေထဲမှာ သစ်တွေ ခုတ်နေတယ်လို့ လဲ သိရပါတယ်။ ဒေသခံတွေက ကချင်ပြည်နယ်
အစိုးရ တာဝန်ရှိသူတွေထံ စုံစမ်းတဲ့အခါ လုပ်ပိုင်ခွင့် ပေးထားတာ မရှိဘူးလို့ အဆိုပါ ဒေသခံကပဲ ပြောပါတယ်။

“အခုက ကျနော်စုံစမ်းသိရှိရသလောက် တရားဝင်လွှတ်လာတဲ့ ကုမ္ပဏီ
မဟုတ်ဖူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကချင်ပြည်နယ် အစိုးရကို
လှမ်းမေးကြည့်တဲ့အခါ သူတို့က အခုအချိန်မှာ နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့အချိန်မှာ ကချင်ပြည်နယ် တပြည်နယ်လုံး ဘယ်ဒေသမှ ဘာလုပ်ငန်း
နဲ့မှ လုပ်ခွင့်မပေးထားဘူးဆိုတဲ့အကြောင်းကို အဲလို ကျနော့ကို ပြောခဲ့တော့ ဒါဟာ တရားမ၀င်ဘူးဆိုတာကို ကျနော်သိရတယ် အခုသူတို့ကို စုံစမ်းတဲ့
အခါကျတော့လဲ ဒါဟာ တရားမ၀င်ဘူးဆိုတာ သူတို့ကိုယ်တိုင်လဲပြောတယ် ဒါမျိုးလုပ်တဲ့အတွက်ကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မယ် ပြီးရင် တရုတ်တွေရဲ့ လူ့အခွင့်အရေးအနိုင်ကျင့်မှုတွေ လူကုန်ကူးမှုတွေ ဒီဟာ
မြစ်ဖျားခံတာ အဲဒါတွေလဲပါမယ်လေ”

အဲဒီ ဆင်ဘိုမြို့နယ်တ၀ိုက်မှာ ကျွန်း၊ ခလောင် စတဲ့ သစ်မာအမျိုးအစားတွေ
ရှိတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် မံစီမြို့ နဲ့ ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်အစပ်က ထွက်တဲ့သစ်တွေလဲ အခုအခါ တရုတ်ပြည်ဘက်ကို ကားတွေနဲ့ သယ်နေကြပြီလို့လဲ ဗန်းမော်က ကားသမားတွေက ပြောပြ
ပါတယ်။

RFA Burmese

တရုတ်လူမျိုး အလုပ်သမား၃၀၀ လောက်ကချင်ပြည်နယ်ဆင်ဘိုမြို့နယ်အတွင်းမှာတရားမ၀င်သစ်ခိုးထုတ်ဖို့
 ရောက်ရှိနေတယ်လို့ ဒေသခံတွေက အာအက်ဖ်အေကို ပြောပါတယ်။

ကချင်ပြည်နယ်ဆင်ဘိုမြို့နယ်အတွင်းမှာသစ်ထုတ်လုပ်ဖို့စစ်ကြီးတွေနဲ့ရောက်ရှိနေတာကိုကိုယ်တိုင်မြင်တွေ့
ခဲ့တဲ့ဆင်ဘိုမြို့ခံတစ်ယောက်က RFA ကို ပြောပြပါတယ်။

“ဖိုက်စတားကုမ္ပဏီလို့နာမည်ခံထားတဲ့ တရားမ၀င်သစ်လုပ်ငန်း နဲ့ ဗမာစကားတောင်မတတ်တဲ့ တရုတ်တွေ
နဲ့ အင်အား၃၀၀ လောက်နဲ့ ဆင်ဘိုရဲ့တောင်ဘက်မန်ကင်းရွာဘက်မှာစပြီးလှုပ်ရှားနေတာအဲဒီ၃၀၀လောက်
က ပြောမယ်ဆို ဗမာအစိုးရကလဲ အဲဒီကို ရောက်ရောက်ပေါက်ပေါက်မသွားနိုင်ဘူးလေ ကေအိုင်အေ အခြေ
ချထားတဲ့နေရာဆိုတော့ ဆင်ဘိုမြို့တောင်ဘက် မန်ကင်းတောတလျှောက်ပေါ့ ကောက်ကွေ့ဂွင်ဘက်က
 လာမဲ့တောတွေရော ဆင်ဘို မြို့နယ်ခွဲအတွင်းက သစ်ပါပဲနံမည်ကတော့ သစ်ကြမ်းပေါ့ဒါပေမဲ့ကျွန်းသစ်တွေ
ရော ဘာတွေရော ထုတ်မှာပေါ့ မြေတူးစက်ကြီးတွေနဲ့ရောက်နေတာ ၅ စီးလောက်ရှိပြီ”

ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီဖိုက်စတားကုမ္ပဏီကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။ အဲဒီကုမ္ပဏီဟာ အခုအခါ သစ်တွေအလွယ်တကူသယ်ထုတ်နိုင်ဖို့ လမ်းတွေဖေါက်နေသလိုတချို့က တော
တွေထဲမှာ သစ်တွေ ခုတ်နေတယ်လို့ လဲ သိရပါတယ်။ ဒေသခံတွေက ကချင်ပြည်နယ်အစိုးရတာဝန်ရှိသူ
တွေထံ စုံစမ်းတဲ့အခါ လုပ်ပိုင်ခွင့် ပေးထားတာ မရှိဘူးလို့ အဆိုပါ ဒေသခံကပဲ ပြောပါတယ်။

“အခုက ကျနော်စုံစမ်းသိရှိရသလောက် တရားဝင်လွှတ်လာတဲ့ ကုမ္ပဏီမဟုတ်ဖူး၊ ဘာဖြစ်လို့လဲဆိုတော့
 ကျနော်တို့ ကချင်ပြည်နယ် အစိုးရကိုလှမ်းမေးကြည့်တဲ့အခါ သူတို့က အခုအချိန်မှာ နိုင်ငံရေးတည်ငြိမ်မှု
 မရှိတဲ့အချိန်မှာ ကချင်ပြည်နယ် တပြည်နယ်လုံး ဘယ်ဒေသမှ ဘာလုပ်ငန်းနဲ့မှ လုပ်ခွင့်မပေးထားဘူးဆိုတဲ့
အကြောင်းကို အဲလို ကျနော့ကို ပြောခဲ့တော့ ဒါဟာ တရားမ၀င်ဘူးဆိုတာကိုကျနော်သိရတယ် အခုသူတို့ကို
 စုံစမ်းတဲ့အခါကျတော့လဲ ဒါဟာ တရားမ၀င်ဘူးဆိုတာ သူတို့ကိုယ်တိုင်လဲပြောတယ်ဒါမျိုးလုပ်တဲ့အတွက်
ကြောင့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်မယ် ပြီးရင် တရုတ်တွေရဲ့ လူ့အခွင့်အရေးအနိုင်ကျင့်မှုတွေ လူကုန်
ကူးမှုတွေ ဒီဟာမြစ်ဖျားခံတာ အဲဒါတွေလဲပါမယ်လေ”

အဲဒီ ဆင်ဘိုမြို့နယ်တ၀ိုက်မှာ ကျွန်း၊ခလောင်စတဲ့ သစ်မာအမျိုးအစားတွေရှိတယ်လို့သိရပါတယ်။ကချင်ပြည်
နယ် မံစီမြို့ နဲ့ ရှမ်းပြည်မြောက်ပိုင်းမဘိန်းမြို့နယ်အစပ်က ထွက်တဲ့သစ်တွေလဲအခုအခါတရုတ်ပြည်ဘက်ကို 
ကားတွေနဲ့ သယ်နေကြပြီလို့လဲ ဗန်းမော်က ကားသမားတွေက ပြောပြပါတယ်။

RFA Burmese

No comments:

Post a Comment