ဒီဇင်ဘာ(၃)
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ အသစ်ထပ်မံ ဝယ်ယူထားသော ရှစ်စင်းမြောက် AIR BUS A319 လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၂၉ ရက်တွင် ရောက် ရှိသည်။ MAI လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်မြို့မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဂယာ၊ ဆီရမ်ရိ၊ ဖနောင်ပင်၊ ကွမ်ကျိုး၊ ဗန်ကောက်-စင်ကာပူ-ဗန်ကောက်၊ မန္တလေး-ဂယာ-မန္တလေး ခရီးစဉ်များကို တိုက်ရိုက် ပျံသန်းလျက် ရှိသည့်အပြင် မန္တလေးမြို့မှ ဗန်ကောက်၊ စင်ကာပူနှင့် ကူမင်းမြို့များသို့လည်း ပြေး ဆွဲသွားရန်စီစဉ်လျက်ရှိကြောင်းသိရှိရသည်။ယခုနှစ်ကုန်ဒီဇင်ဘာလအတွင်းတွင်ရန်ကုန်မှ ဟောင်ကောင်သို့ တိုက်ရိုက် ပြေးဆွဲသွားမည်ဖြစ်ပြီးယခုရောက်ရှိလာသည့်AIRBUSA319မှာခရီးသည်၁၂၃ဦးဆံ့ လေယာဉ်ဖြစ်၍ စင်းလုံးငှား ခရီးစဉ်များအတွက် အထူးအဆင်ပြေစေကြောင်းလည်း သိရှိရသည်။ ပြည်ပစင်းလုံးငှား ခရီးစဉ် များအပြင် နေပြည်တော်၊ ပုဂံနှင့် ဟဲဟိုး ပြည်တွင်း ခရီးစဉ်များသို့လည်း စင်းလုံးငှား အစီအစဉ်များအား MAI မှ ဝန်ဆောင်မှု ပေးသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

No comments:
Post a Comment