Pages

Wednesday, December 12, 2012

ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့(ရ.လ.လ.ဖ)မှ ကျင်းပသည့် ၆၃နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်သည့်နေ့ဂုဏ်ပြုခြင်းအခမ်းအနား

ဒီဇင်ဘာ(၁၂)



နိုင်ငံတော်သို့ လက်နက်အပြီးအပိုင် စွန့်လွှတ်အပ်နှံခဲ့ပြီးသည့် ယခင် (ရ.လ.လ.ဖ) ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့မှ ( ဦးခွန်စိန်ရွှေ)သည် ၎င်းတို့ဗဟိုဌာနချုပ်ဖြစ်တဲ့ ဆီဆိုင်မြို့ နယ် ၊ နောင်ထော်ရွာတွင် ဒီဇင်ဘာလ (၁၁) ရက်နေ့က (၆၃)နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို မန္တလေးမှ ဆရာတော် ဦးကောသလ္လနှင့် သံဃာတော် (၃)ပါး၊ မြန်မာပြည်နိုင် ငံရေး အကျဉ်းသားဟောင်းများ လူမှုကွန်ယက်အဖွဲ့ဝင် ဦးသက်တင် ခေါင်းဆောင်သည့်အဖွဲ့ဝင် (၆) ဦးနဲ့ အထက် မြန်မာပြည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မန္တလေး) မှ အဖွဲ့ဝင် (၂) ဦးတို့အပြင် ကိုဖိုးသား (DVB)နှင့် သတင်းထောက် (၅) ဦး၊ နေမျိုး ဦးဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားအဖွဲ့များ၊ ရှမ်းပြည်မျိုးဆက်သစ်အင်အားစုများ၊ အထူးဒေသ (၂) အဖွဲ့များ၊ အက်စ်အက်စ်အင်န်အေ (၀မ်ယိန်း) အဖွဲ့ များတက်ရောက်ခဲ့ပါတယ်။

ရ.လ.လ.ဖ အဖွဲ့မှ (ဦးချစ်မောင်) ဦးစီးအဖွဲ့ဝင်များသည်လည်း ဒီဇင်ဘာလ (၁၁) ရက်နေ့ တွင် တောင်ကြီးမြို့ ၊ စစ်စံထွန်းရပ်ကွက်ရှိ မင်းကွန်းကျောင်းတိုက်တွင် ၎င်းတို့အဖွဲ့၏ (၆၃)  နှစ်မြောက် ပဒေသရာဇ် စနစ်ဆန့်ကျင် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆွမ်းကပ်တရားနာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ရှမ်းပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရ.လ.လ.ဖ)သည် (၂၀၀၈) ခုနှစ်တွင် နိုင်ငံတော်နှင့် အပြီးအပိုင် ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ဦးခွန်စိန်ရွှေ အဖွဲ့နဲ့ ဦးချစ်မောင် အဖွဲ့ဆိုပြီး (၂) ဖွဲ့ကွဲနေကြောင်းလည်း သိရှိရ ပါတယ်။
 










ရ.လ.လ.ဖ(ဦးခွန်စိန်ရွှေ)အဖွဲ့ နောင်ထော်ရွာတွင် ၆၃နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်သည့်နေ့ဂုဏ်ပြုခြင်းအခမ်းအနားပုံ



 ရ.လ.လ.ဖ(ဦးချစ်မောင်)အဖွဲ့တောင်ကြီးမြို့တွင် ၆၃နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်သည့်နေ့ဂုဏ်ပြုခြင်းအခမ်းအနားပုံ

No comments:

Post a Comment