Pages

Friday, December 28, 2012

ဆန်ခရစ္စ တိုဘယ် မီးတောင် ပြာမှုန့်များ မှုတ်ထုတ် ဒေသခံများ ဘေးလွတ် ရာသို့ ပြောင်းရွှေ့


ဒီဇင်ဘာလ ၂၈





Photo: ဆန်ခရစ္စ တိုဘယ် မီးတောင် ပြာမှုန့်များ မှုတ်ထုတ် ဒေသခံများ ဘေးလွတ်
ရာသို့ ပြောင်းရွှေ့

28.12.2012

နီကာရာဂွာ နိုင်ငံ၏အမြင့်မားဆုံး မီးတောင်တစ်ခုသည် အမြင့်ပေရာနှင့်ချီ ထိအောင် မြင့်မားလှသော ပြာ မှုန့်လုံးကြီးကို ကောင်းကင်အထက်သို့ မှုတ်
ထုတ်လျက်ရှိခြင်းကြောင့် အနီးအနားရှိ ဒေသခံများသည် ဘေး လွတ်ရာ
သို့ ပြောင်းရွှေ့ နေထိုင်ရလျက်ရှိကြောင်း အစိုးရအဖွဲ့က ပြောကြားထားသည်။


အမြင့်ပေ ၅၇၂၅ ပေရှိသော ဆန်ခရစ္စ တိုဘယ်အမည်ရှိ အဆိုပါမီးတောင်
သည် နိုင်ငံ၏ အနောက် မြောက်ပိုင်း မာနာဂွာမြို့၏ မြောက်ဘက် ၈၅ မိုင်ခန့် အကွာတွင် တည်ရှိပြီး မကြာသေး မီ နှစ်များအတွင်း မီးတောင်လှုပ်ရှားမှုများ
 ဖြစ်ပေါ်ခဲ့ သေးသလို စက်တင်ဘာလ အတွင်းကလည်း အလား တူ ဖြစ်ရပ်မျိုး တစ်ခု ဖြစ်ပေါ်ခဲ့ သေးကြောင်း သိရသည်။
ယခုတစ်ကြိမ် ပြာမှုန့်များ မှုတ်ထုတ်ခြင်းသည် ဒီဇင်ဘာ ၂၅ ရက် နှောင်းပိုင်း
တွင် စတင်ဖြစ်ပေါ် ခဲ့ခြင်း ဖြစ် သည်။
ထို့ကြောင့် ၎င်းမီးတောင်၏ ပတ်လည် ၁ ဒသမ ၉ မိုင်အတွင်း နေထိုင်ကြသော
 ဒေသခံ များအား နေရပ်ကိုစွန့်ခွာရန် အစိုးရ အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူရိုဆာရီ
 အိုမာရီလိုက တိုက်တွန်း ထားသည်။ မီးတောင် ဝန်းကျင် ၌ နေထိုင်ကြသော မိသားစုများမှာ ၃ဝဝ ခန့်ရှိသည်။
From..မြ၀တီ


ဆန်ခရစ္စ တိုဘယ် မီးတောင် အနီးတွင် နေထိုင်လျက် ရှိကြသော လယ်သမား ၁၅ဝဝ ခန့်မှာမူမီးတောင်မှဓာတ်ငွေ့များ၊ သဲများနှင့် ပြာမှုန့်များမှုတ်ထုတ် နေခြင်း
ကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် သတိပေး ထားသော်လည်း ၎င်းတို့
 နေရပ်ကို စွန့်ခွာရန် ငြင်းဆို ခဲ့ကြကြောင်း သိရသည်။
နီကာရာဂွာ နိုင်ငံ၏အမြင့်မားဆုံး မီးတောင်တစ်ခုသည် အမြင့်ပေရာနှင့်ချီ ထိအောင် မြင့်မားလှသော ပြာ မှုန့်လုံးကြီးကို ကောင်းကင်အထက်သို့ မှုတ်ထုတ်လျက်ရှိခြင်းကြောင့်အနီးအနားရှိ ဒေသခံများသည် ဘေး 

လွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရလျက်ရှိကြောင်း အစိုးရအဖွဲ့က ပြောကြားထားသည်။


အမြင့်ပေ ၅၇၂၅ ပေရှိသော ဆန်ခရစ္စ တိုဘယ်အမည်ရှိ အဆိုပါမီးတောင်သည် နိုင်ငံ၏အနောက်

 မြောက်ပိုင်း မာနာဂွာမြို့၏ မြောက်ဘက် ၈၅ မိုင်ခန့် အကွာတွင် တည်ရှိပြီး မကြာသေး မီ နှစ်များအတွင်း မီးတောင်လှုပ်ရှားမှုများဖြစ်ပေါ်ခဲ့ သေးသလို စက်တင်ဘာလ အတွင်းကလည်း အလား တူ ဖြစ်ရပ်မျိုး တစ်ခု
 ဖြစ်ပေါ်ခဲ့ သေးကြောင်း သိရသည်။
ယခုတစ်ကြိမ် ပြာမှုန့်များ မှုတ်ထုတ်ခြင်းသည် ဒီဇင်ဘာ ၂၅ ရက် နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ် ခဲ့ခြင်း ဖြစ် သည်။
ထို့ကြောင့် ၎င်းမီးတောင်၏ ပတ်လည် ၁ ဒသမ ၉ မိုင်အတွင်း နေထိုင်ကြသောဒေသခံများအား နေရပ်ကိုစွန့်

ခွာရန်အစိုးရ အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူရိုဆာရီအိုမာရီလိုက တိုက်တွန်း ထားသည်။ မီးတောင် ဝန်းကျင် ၌
 နေထိုင်ကြသော မိသားစုများမှာ ၃ဝဝ ခန့်ရှိသည်။
From..မြ၀တီ

ဆန်ခရစ္စ တိုဘယ် မီးတောင် အနီးတွင် နေထိုင်လျက် ရှိကြသော လယ်သမား ၁၅ဝဝ ခန့်မှာမူမီးတောင်မှ

ဓာတ်ငွေ့များ၊ သဲများနှင့် ပြာမှုန့်များမှုတ်ထုတ် နေခြင်းကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် သတိပေး 
ထားသော်လည်း ၎င်းတို့နေရပ်ကို စွန့်ခွာရန် ငြင်းဆို ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment