Pages

Wednesday, December 5, 2012

ပါရှန် ပင်လယ်ကွေ့ ကိုဖြတ်၍ နိုင်ငံပိုင်နက် အတွင်း ဝင်ရောက် လာသော အမေရိကန် မောင်း သူမဲ့ လေယာဉ် တစ်စင်း အီရန် ပစ်ချ

ဒီဇင်ဘာ(၅)



                                  ပါရှန် ပင်လယ်ကွေ့ ကိုဖြတ်၍ နိုင်ငံပိုင်နက် အတွင်း ဝင်ရောက် လာသော အမေရိကန် မောင်း သူမဲ့ လေယာဉ် တစ်စင်း အီရန် ပစ်ချ

ပါရှန် ပင်လယ်ကွေ့ကို ဖြတ်၍ အီရန် ရေပိုင်နက် အတွင်းသို့ ဖြတ်ကျော် မောင်းနှင် လာသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်းကို အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ် တပ်ဖွဲ့ဝင် များက ပစ်ချခဲ့ကြောင်း
Sepah သတင်း ဌာနက ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် လွန်ခဲ့သော ရက်အနည်း ငယ်က ပါရှန် ပင်လယ်ကွေ့ အတွင်းသို့ ဝင်ရောက်၍ ထောက်လှမ်းရေး သတင်းများ စုဆောင်း လျက်ရှိပြီး အီရန်၏ လေ ကြောင်း ပိုင်နက် အတွင်းသို့ ဝင်လာလျှင် ဝင်လာချင်း ၄င်းလေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ် ကြောင်း Sepah သတင်း ဌာနက ဆက်လက် ပြောကြားခဲ့သည်။
သို့ရာတွင် ၄င်းမောင်းသူမဲ့ လေယာဉ်အား အီရန်ဘက်မှ ပစ်ချခဲ့သည့် အချိန်ကို သတင်း ဌာနက ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။ ၄င်းလေ ယာဉ်သည် "Scan Eagle" အမျိုးအစား ဖြစ်ပြီး စစ်သင်္ဘောကြီး တစ်စင်းမှ လွှတ်တင် ခဲ့ဖွယ် ရှိကြောင်း IRGC အဖွဲ့၏ ရေတပ် တပ်ဖွဲ့မှ ရေတပ် ဗိုလ်ချုပ် အလီဖာ ဒါဗီ၏ ပြောကြား ချက်ကို ကိုးကား၍ Sepah သတင်း ဌာနက ဖော်ပြ ခဲ့သည်။
ထို့အပြင် IRGC အဖွဲ့မှ ရေတပ် တပ်ဖွဲ့၏ အရန် အသင့် ရှိမှုသည် အမြဲတမ်း အကောင်းဆုံး အနေ အထားတွင် ရှိကြောင်း ဖာဒါဗီက ထပ်လောင်း ပြောကြား ခဲ့သည်။
 
မြ၀တီ 

No comments:

Post a Comment