နဂါးနှစ်ကောင်ဆရာတော်ဘုရားမှ ကျောင်းနေရွယ် ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား အနွေးထည် အထည်(၅၀၀)ပေးဝေလှူဒါန်း
ဒီဇင်ဘာ(၁၉)
၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၉)ရက်နေ့
နံနက်(၈း၃၀)နာရီက နဂါးနှစ်ကောင်ကျောင်းတိုက်အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက
အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရား ကြီး
"ဘဒ္ဒန္တဓမ္မသီရိ"သည် အနွေးထည် အထည်(၅၀၀)ကို ဆန်ဆိုင်း(အထက်) ရပ်ကွက် တွင်းရှိ ကျောင်းနေရွယ် ကလေးသူငယ်များနှင့် ရပ်ကွက်သူ/သားများအား ပေးဝေလှူဒါန်း ခဲ့ကြောင်း သိရှိရပါတယ်။
ဆရာတော်ဘုရားသည် ဆန်ဆိုင်း(အထက်)ရပ်ကွက်အတွင်းရှိ
ကျောင်းနေရွယ် ကလေးသူငယ် များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား
ထိုင်းဘတ်ငွေ (၅၀၀၀၀)ဘတ်ခန့် တန်ဘိုး ရှိသော ဆောင်းရာသီဝတ် အနွေးထည်
အထည်(၅၀၀)ကို ဆရာတော်ဘုရား ကိုယ်တိုင် ကိုယ် ကျ ပေးဝေလှူခဲ့တာဖြစ်ပါတယ်။
ထိုကဲ့သို့ လှူဒါန်းရမှာ ဆန်ဆိုင်း(အထက်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင် နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း ဆရာတော်နှင့်အတူ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက်မှာပင် ကျောင်းနေရွယ်ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား ခေါ်ယူ၍ပေးဝေလှူခြင်းဖြစ်ပါတယ်။
ယခုအလှူနှင့်ပတ်သက်၍ ဆရာတော်ဘုရားသည် ဒီဇင်ဘာ(၇/၈)ရက်နေ့တွင်
ပြုလုပ်ခဲ့ ပြီးသော သက်တော်(၈၄)နှစ်ပြည့် မွေးနေ့တုန်းက ကျောင်းနေရွယ်
ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား ယခုကဲ့သို့ ပေးဝေလှူဒါန်းမှုမျိုး မပြုလုပ်ခဲ့ ရသေး သည်ဖြစ်တာကြောင့် ယခု(ဒီဇင်ဘာ[19]ရက်နေ့မှာ)ပြုလုပ်တာဖြစ်ကြောင်း သိရှိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
No comments:
Post a Comment