Pages

Monday, December 10, 2012

ကားမောင်းနိုင်ရန် သင်ယူနေသည့် နယူးဇီလန်မှ ကယ်ဆယ်ရေး ခွေးများ

ဒီဇင်ဘာ(၁၀)

ကားမောင်းနိုင်ရန် သင်ယူနေသည့် နယူးဇီလန်မှ ကယ်ဆယ်ရေး ခွေးများ 

နယူးဇီလန် နိုင်ငံမှ တိရစ္ဆာန် လေ့ကျင့် သင်ကြားပေးရေး အဖွဲ့တစ်ဖွဲ့သည် ကယ်ဆယ်ရေးတွင် အသုံးပြုသည့် ခွေးသုံးကောင်အား ကားမောင်း တတ်စေရန် လေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
ထိုကဲ့သို့ သင်ကြား ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ခွေးများ၏ မှတ်ဥာဏ်များ  ပိုမို တိုးတက် လာစေရန် ဖြစ်ပြီး အိမ်မွေးခွေး ချစ်သူများ အနေဖြင့် ယခုကဲ့သို့ တိရစ္ဆာန်လေး များကို သင်ကြား ပေးရန် တိုက်တွန်းလိုခြင်း ဖြစ်ကြောင်း သိရသည်။
မွန်ကီ၊ ပေါ်တာနှင့် ဂင်းနီအမည်ရှိ အဆိုပါ ခွေးသုံးကောင်သည် ကားမောင်းနိုင်ရန်  သီတင်းပတ် အနည်းငယ်ကြာ လေ့ကျင့် ခဲ့ရကြောင်း၊ ရက်အနည်းငယ် အကြာတွင် ၄င်းတို့သည် ကားစတီ ယာရင်ကို ထိန်းနိုင်ခဲ့ပြီး ဂီယာကိုပင် ပြောင်းနိုင်သည့်  အပြင် ဘရိတ်ကိုလည်း   ကောင်းကောင်း အသုံးပြုလာနိုင်ပြီ ဖြစ်သည်။
၎င်းတို့အား ကားအတုဖြင့် စတင် လေ့ကျင့် ပေးခဲ့ကြောင်း၊ ၄င်းတို့၏ အမူအကျင့် များဖြင့်   လွယ်ကူသော ကားမောင်း သင်နည်းကို အသုံးပြုခဲ့ကြောင်း  တိရစ္ဆာန် လေ့ကျင့် သင်ကြားရေး ဆိုင်ရာ ကျွမ်းကျင်သူ မာ့ခ်ဗက်တီက ပြောကြားခဲ့သည်။
၎င်းတို့အား အစဉ်လိုက် သင်ကြား နည်းမျိုးကို အသုံးပြုပြီး အမူအကျင့် ၁ဝ မျိုးဖြင့် သင်ကြား ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ နေရာယူခြင်းကို ဦးစွာ သင်ကြား ပေးခဲ့ပြီး ဘရိတ်နင်းခြင်း၊ ဂီယာ ကိုင်ခြင်း၊ ကားဟွန်း တီးခြင်း၊ စတင် မောင်းနှင်ခြင်းနှင့် ရပ်နားခြင်းတို့ကို သင်ကြား ပေးခဲ့ရကြောင်း ဗက်တီက ပြောကြားခဲ့သည်။
ကားမောင်း သင်ထားသော အဆိုပါ ခွေးသုံးကောင်၏ အရည်အချင်းအား  စမ်းသပ်မှုပြုလုပ်ပြီး လာမည့် သီတင်းပတ်၌ နယူးဇီလန် ရုပ်သံတွင် ပြသသွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
 
မြ၀တီ

No comments:

Post a Comment