Pages

Tuesday, December 25, 2012

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့များ လက်နက်ကြီးစမ်းသပ် ပစ်ခတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ဒီဇင်ဘာ(၂၅)

RPG လက်နက်များ



ရှမ်းပြည်နယ်၊ ကျေးသီးမြို့ ၀မ်ဝတ်ကျေးရွာအနီးတွင် SSA (၀မ်ဟိုင်း) အဖွဲ့မှ ဒီဇင်ဘာလ (၂၂) ရက်နေ့ တွင် လက်နက်ကြီး၊ လက်နက်ငယ်များ စမ်းသက်ပစ်ခတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ( ၀မ်ဟိုင်း ) အဖွဲ့မှ ခေါင်းဆောင် ပန်ဖ နှင့်လက်အောက်ခံအဖွဲ့ များသည် ကျေးသီးမြို့နယ် ၊ ၀မ်ဝတ်ကျေးရွာအနီးတွင် ဒီဇင်ဘာလ (၂၂) ရက်နေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ လက်နက်ကြီးနှင့် လက်နက်ငယ်များ လာရောက်စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ တပ်စုမှူး စိုင်းမွန်းနှင့် အဖွဲ့ RPG လက်နက်ပစ်ခတ်နေစဉ်တွင် RPG လက်နက်ပြောင်းပေါက်ကွဲသွားပြီး အနီးရှိ တပ်စိတ်မှူး စိုင်းလူလှနှင့် တပ်သား အိုက်ကောတို့ (၂) ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။ RPG လက်နက်ပစ်ခတ်သော တပ်စုမှူး စိုင်းမွန်းမှာဘယ်လက်ကောက်ဝတ်ဒဏ်ရာရရှိသွားခဲ့ပြီး ဖြတ်တောက် ပစ်ခဲ့ရကြောင်း ၀မ်ဝတ်ကျေးရွာမှ ဒေသခံများက ပြောပြခဲ့ပါသည်။

SSA (၀မ်ဟိုင်း) အဖွဲ့သည် နိုင်ငံတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားပြီး အဖွဲ့ခေါင်းဆောင်မှာ ပန်ဖ ဖြစ်ပါသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများတွင် ပါဝင်ပတ်သက်နေ ပြီး ဒေသအတွင်းရှိသော ပြည်သူ့စစ်အဖွဲ့များနှင့်လည်း မကြာခဏပစ်ခတ်မှုများရှိနေကြောင်းလည်း သိရှိရပါသည်။ ယခုကဲ့သို့ လက်နက်အသစ်အဆန်းများလာရောက် စမ်းသပ်ပစ်ခတ်နေခြင်းကြောင့် စစ်အင်အားတိုးချဲ့ရန်နှင့် စစ်ရေးပြင်ဆင်မှုများ ရှိလာနိုင်သဖြင့် အတင်းအဓမ္မလူသစ်စုဆောင်း မည် ကို ဒေသခံများမှကြောက်လန့်နေကြ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment