နာရေးကူညီမှု အသင်း (ရန်ကုန်) ရဲ့ ဈာပန လမ်းကြောင်းကို တစ်ရက်တည်း နှစ်ကြိမ် လိုက်ပါခဲ့သူ နန်းခင်ဇေယျာ
ဒီဇင်ဘာ(၁၀)
ပရဟိတ လုပ်ငန်း တွေကို အရှိန် အဟုန် ကောင်းကောင်း နဲ့ လုပ်ကိုင်နေပြီ ဖြစ်တဲ့ Miss International ပြိုင်ပွဲဝင် Miss Myanmar နန်းခင်ဇေယျာ က ဒီဇင်ဘာ ၂ ရက်နေ့ က နာရေး ကူညီမှု အသင်း (ရန်ကုန်) ရဲ့ ဈာပန လမ်းကြောင်းမှာ လိုက်ပါ ခဲ့ပါတယ်။ နန်းခင်ဇေယျာ က ဈာပန လမ်းကြောင်း များအနက် အမှတ်စဉ် အလှည့်ကျတဲ့ ကွယ်လွန်သူ ဦးဇော်မိုးဦး အသက် (၄၄) နှစ်ရဲ့ ရုပ်ခန္ဓာ ကို စံပြဆေးရုံမှ ရေဝေး သုသာန် အအေးခန်းသို့ လိုက်ပါ ကူညီ ပို့ဆောင်ဖေးမ ပေးခဲ့ပြီး နာရေး ကူညီမှု အသင်း (ရန်ကုန်) သို့ ပြန်လည် ရောက်ရှိချိန်မှာ ဒုတိယမြောက် ဈာပန လမ်းကြောင်း အဖြစ် ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၁၂ ရပ်ကွက်နေ ကွယ်လွန်သူ ဒေါ်ခင်မြ၊ အသက် (၈၇) နှစ်အား ဆက်လက် ပို့ဆောင်ပေး ခဲ့ပြန်ပါတယ်။ အဲဒီနေ့မှာပဲ ပြည်သူ့ ရင်ပြင် မှာ HIV ပညာပေး ရန်ပုံငွေ ဖျော်ဖြေ ပွဲမှာလည်း တင်ဆက်ဖို့ကို အမီ သွားခဲ့ရတဲ့ နန်းခင်ဇေယျာက “ညီမရဲ့ ပရဟိတလုပ်ငန်း Topic ထဲမှာ ဒါလည်းတစ်ခု အပါအဝင်ပါ။ လူတိုင်း က သေရမှာပါပဲ။ တချို့သူတွေက နာရေးကို လိုက်ပို့ ဖို့ဆိုရင် တွန့်ဆုတ် ကြတဲ့ သူတွေ ရှိတယ်။ အဲဒါက ဘာမှ ကြောက်စရာ မလိုဘူး ဆိုတာလည်း ပြောချင်ပါတယ်။ ပြီးတော့ လူငယ်တွေ အနေနဲ့ အချိန်ရရင် သွားရောက် ကူညီသင့်တယ် ဆိုတာလည်း ပြချင် လို့ပါ။ ညီမကိုယ်တိုင်လည်း စိတ်ဝင်စားလို့ပါ။ ညီမ အနေနဲ့ နာမည်ကြီး ချင်လို့လည်း မဟုတ်ပါဘူး။ တကယ် ကို လုပ်ချင်လို့ သွားခဲ့တာပါ။ အဲဒီနေ့ ကလည်း နှစ်ကြောင်းတောင် လိုက်ပို့ ဖြစ်ပါတယ်” လို့ နန်းခင်ဇေယျာက ပြောပါတယ်။ နာရေးကူညီမှု အသင်း ရဲ့ ဈာပန လမ်းကြောင်းတွေမှာ တစ်လ ကို နှစ်ကြိမ်ကျ လိုက်ပါ ဖြစ်မယ့် နန်းခင်ဇေယျာက လစဉ် ၁ ရက်နေ့ နဲ့ ၂၁ရက် နေ့တွေမှာ လိုက်ပါမှာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းကို နန်းခင်ဇေယျာက “၁ ရက်နေ့ ကတော့ ညီမ အိုကီ နာဝါ ဂျပန်ကို ရောက်တဲ့နေ့ ပေါ့။ ၂၁ရက်နေ့ကတော့ ညီမ ဆုရခဲ့ တဲ့နေ့ပေါ့။ အဲဒီလိုလေး အမှတ် တရ ဖြစ်အောင်ပါ” ဆိုတဲ့ နန်းခင်ဇေယျာ ကို ပရဟိတ လုပ်ငန်းတွေ ပိုမို လုပ်ကိုင် ဖြစ်လာပြီ ဖြစ်တာကြောင့် ကိုယ့်ရဲ့ Tourguide ဘက်မှာကော လစ်ဟင်းမှုများ ရှိနိုင်မလား ဆိုတော့ “နည်းနည်းတော့ ရှိမှာပါ။ အရင်က တစ်လမှာ တစ်လ လုံးလုံး အလုပ် လုပ်နိုင်ပေမယ့် အခုဆို ၁ဝရက် လောက်ပဲ Tour ထွက်နိုင်တော့မယ်။ ကျန်တဲ့ အချိန်တွေက ပရဟိတ လုပ်ငန်းတွေမှာပဲ ရှိမှာပါ” လို့ပြောတဲ့ နန်းခင်ဇေယျာ က ဒီဇင်ဘာ၇ ရက် နေ့ကမှ Tour ခရီးစဉ်က ပြန်လာခဲ့ပြီး ဒီဇင်ဘာ ၁၂ရက် နေ့မှာတော့ သထုံဘက်က ပအိုဝ်း လူမျိုးတွေ ဆီကို သွား ရောက်ဦး မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ “အဲဒီဘက်မှာ ညီမတို့ပအိုဝ်း လူမျိုးတွေ တအား များတယ်။ သူတို့က ပညာရေးနဲ့ ပတ်သက်ပြီး သိပ်မတိုးတက်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး သွားပြီး အားပေး စကားပြောမယ်။ ပြီးတော့ အလှူငွေတွေလည်း ထည့်ဖြစ်ပါမယ်။ ပရိသတ်ကို ပြောချင်တာက ညီမ ကြိုးစားနေပါတယ်။ ညီမနဲ့ အတူ ပရိသတ်တွေလည်း ညီမ ရဲ့လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ ကြိုဆိုပါတယ်” လို့လည်း နန်းခင်ဇေယျာ က ပြောပြသွားခဲ့ပါတယ်။
popularmyanmar.com
No comments:
Post a Comment