Pages

Friday, December 7, 2012

Eleven စာမျက်နှာ တိုက်ခိုက်ခံရခြင်းမှ အကျိုး အမြတ်များ

ဒီဇင်ဘာ(၇)

တစ်ချို့ကတော့ ကချင်တွေမှာ ဒီလောက် ပညာတတ်တဲ့သူ မရှိ။ ငတုံးငအ များသာ ရှိသည့်အတွက် ဒီတိုက်ခိုက်မှုသည် တရုတ်က သူ့ဘာသာ မြန်မာပြည်တွင်း မီဒီယာတစ်ခုကို စမ်း၍ တိုက်ခိုက်ခြင်း ဟု ဆိုသည်။
 

အချို့ကတော့ ဦးပိုင်က မကျေနပ်သဖြင့် ရုရှားမှ စစ်ဗိုလ် ပညာရှင်များ ဖြင့် တိုက်ခိုက်သည်ဟု ဆိုသည်။

အချို့ကတော့ eleven သည်  ပြည်တွင်း နည်းပညာ အမြင့်ဆုံး ဂျာနယ်မို့ မတိုက်ခိုက်နိုင်။ နိုင်ငံရေး လှည့်ကွက်ဖန်တီးသည်ဟု ဆိုကြသည်။

အချို့ကတော့ BHG အဖွဲ့မှ နောက်မှ ကြေငြာမလား မသိဆိုပြီး စောင့်နေကြသည်။ 

တစ်ချို့ကတော့ ၈ ရက်နေ့မှာ ဒေါက်တာ သန်းထွဋ်အောင် ဦးစီးပြီး တစ်နိုင်ငံလုံး သပိတ်ထမည်ဟု ပြောထားသည့် အတွက် Freedom New Group က သတိပေးသည့် အနေဖြင့် လုပ်သည်ဟု ဆိုသည်။

အချို့ကတော့ စစ်တပ်က လုပ်သည် ဆိုပြန်သည်။
စစ်တပ်တွင် ထိုကဲ့သို့ လုပ်နိုင်သော ပညာရှင် ထောင်သောင်းမက ရှိသည်။ သို့သော်  အကုန်တောထဲ ရောက်နေသည်။ အဆိုးဆုံး ကွန်နက်ရှင်နဲ့ ၀က်ဆိုဒ် စာမျက်နှာတောင် ကိုယ့်ဘာသာ အဟက်ခံနေရသကဲ့သို့ ဖြစ်နေသည်။
 

ကေအိုင်အေ အဖွဲ့မှ စစ်သားများFacebook အင်တာနက် ကောင်းကောင်း အသုံးပြုနေကြ သည်ကို တွေ့ပါသလား။ တွေ့ချင်လျှင် အော်ဆိုင်း တို့ စာမျက်နှာများမှ တစ်ဆင့် သွားကြည့်ပါ။ ယနေ့ ရွာထဲတွင် ပစ်ခတ်မှု ဖြစ်လျှင် နောက်နေ့ သတင်းရောက်သည်။ ပြီးခဲ့သည့်ကာလ တပ်မတော်နှင့် တိုက်ပွဲများမှ ရရှိသော လက်နက်များနှင့် သုံ့ပန်းများ အကြောင်းကို ရိုက်သော ဗွီဒီယိုခွေ ကြည့်ဖူးပါသလား။ ကေအိုင်အေတို့ လက်ရှိ အသုံးပြုနေသည့် လက်နက်များကို မြင်ဖူးပါသလား။ ကေအိုင်အေတို့ သုံးနိုင်သည့် ငွေကြေး ပမာဏကိုကော သိပါသလား။ ပညာတတ်စရာမလို၊ ကျောက်စိမ်းထွက်လျှင် ရသည်။

Eleven ကြော်ငြာ၊ ကေအိုင်အေရဲ့ အဖွဲ့သစ် ကြော်ငြာ တစ်ခုကို အချိန်ပိုင်း အတွင်း လူပေါင်း ၁ သိန်းနီးပါးကို ဖြန့်နိုင်ခဲ့သည်။ အဘယ်မျှ ကောင်းလိုက်သော ၀ါဒဖြန့်နည်းပါလဲ။ ဆက်လက် ဆူပူ ၀ါဒဖြန့်ကြပါစေ။ ဘုန်းကြီးတွေလည်း ဆွမ်းမခံဘဲ ဆက်ပြီး ဆွမ်းစား နိုင်အုံးမယ်၊ ညအိပ်တဲ့အခါ မနက်ဖြန် သူပုန် ဘယ်လို ထ ရမလဲ စဉ်းစားနေကြမယ်။ ကောင်းလေစွ။ 

တရုတ်လည်း ပါတယ်။ ဦးပိုင်လည်း  ပါတယ်။ ကေအိုင်အေလည်း ပါတယ်။ ကေစီအိုင်လဲ ပါတယ်။ eleven လည်း ပါတယ်။ စစ်တပ်လည်း ပါတယ်။ ဆူပူမှု ဖြစ်အောင် နည်းလမ်းမျိုးစုံ လုပ်နိုင်ပါပေတယ်။

OppositEyE

No comments:

Post a Comment